AD
AD
AD
play
သမ္မတရွေးချယ်ပွဲသို့ တက်ရောက်လာသည့် ဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးကောက်တင်မြှောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်တဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်ကထောက်ခံမဲ ၄၀၃မဲနဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာပါတယ်။

ဒီနေ့ (မတ်လ ၂၈ ရက်)မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတရွေးကောက်ပွဲကို တပ်မတော်သားကိုယ်စားလှယ် ၁၆၂ ဦးအပါဝင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၆၃၆ ဦးတက်ရောက်ခဲ့ပြီး လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကို မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က ထောက်ခံမဲ ၄၀၃ မဲ၊ ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ထောက်ခံမဲ ၂၁၁ မဲနဲ့ ဒုသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူက ထောက်ခံမဲ ၁၈ မဲ ရရှိခဲ့ပြီး ပယ်မဲ လေးမဲ ရှိခဲ့ပါတယ်။

play
သမ္မတရွေးချယ်ပွဲသို့ တက်ရောက်လာသည့် ဦးဝင်းမြင့်နှင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်။

 

မဲအများဆုံးရရှိခဲ့တဲ့ ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတဖြစ်လာပြီး ဒုတိယမဲအများဆုံးရရှိတဲ့ ဦးမြင့်ဆွေက ဒုသမ္မတ(၁) ဖြစ်လာကာ တတိယမဲအများဆုံးရရှိတဲ့ ဦးဟင်နရီဗန်ထီးယူက ဒုသမ္မတ(၂) ဖြစ်လာပါတယ်။

ဒီလိုရွေးချုယ်ခံခဲ့ရတာကြောင့် ဦးဝင်းမြင့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့ ဆယ်ဦးမြောက်သမ္မတဖြစ်လာပါတယ်။

NLD အစိုးရလက်ထက်မှာ ရွေးချယ်တင်မြောက်ခံခဲ့ရတဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်က သမ္မတတာဝန်ထမ်းဆောင်ပြီး နှစ်နှစ်အကျော်မှာ ရာထူးကနေ အနားယူခဲ့လို့ သမ္မတရွေးကောက်ပွဲကို ခုနစ်ရက်အတွင်းပြုလုပ်ခဲ့တာဖြစ်ပြီး ဦးဝင်းမြင့်က နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတဦးထင်ကျော် ရာထူးကနေအနားယူတဲ့ကြေညာချက် ထွက်ပေါ်လာပြီးနာရီပိုင်းအကြာမှာပဲ ဦးဝင်းမြင့်က လွှတ်တော်ဥက္ကဋ္ဌ ရာထူးကနေအနားယူသွားတာကြောင့် နိုင်ငံတော်သမ္မတဖြစ်လာဖို့ ရေပန်းစားခဲ့သူလည်း ဖြစ်ပါတယ်။

Photo: Myanmar State Counsellor Office Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD