AD
AD
AD
play

 

သင်္ကြန်ကာလအတွင်း မတော်တဆဖြစ်ပွားမှုတွေ ဖြစ်ပေါ်လာရင် အရေးပေါ်ကုသနိုင်ဖို့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှာ ကျန်းမာရေးဝန်ထမ်းအင်အား ၁၅၀ ခန့် ချထားမယ်လို့ သိရပါတယ်။

သင်္ကြန်ကာလမှာ ခိုက်ရန်ဖြစ်ပွားမှုတွေ၊ ယာဉ်တိုက်မှုတွေကြောင့် အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာတွေက ပိုမိုများပြားတာကြောင့် ကုသမှု ပိုမိုပြုလုပ်နိုင်ရန် ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ရတာလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ဒေါက်တာ ခင်သိင်္ဂမြင့်က ပြောပါတယ်။

“မတ်လ အလယ်လောက်ကတည်းက အရင်နှစ်တွေရဲ့ လူနာ အခြေအနေပေါ်မူတည်ပြီး အရေးပေါ်ဆေးဝါး၊ လိုအပ်မယ့်ဆေးဝါးတွေကို စာရင်းပြုစုပြီး စတင်စုဆောင်းခဲ့ပါတယ်။ အခုတော့ ပြီးသလောက်ရှိနေပါပြီ။ ၀န်ထမ်းအင်အားအနေနဲ့အရင်က အရေးပေါ်ဌာနမှာ ကျန်းမာရေး ၀န်ထမ်းပေါင်း ၈၀ ကျော်ကနေ သင်္ကြန်ကာလမှာတော့ ၀န်ထမ်းအင်အား ၁၀၀ကနေ ၁၅၀ ကြား ချထားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

play

 

မတော်တဆဖြစ်ပွားမှုတွေ ကြုံတွေ့ခဲ့ရင် ပြည်သူတွေအနေနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာသာမဟုတ်ဘဲ ဖြစ်ပွားတဲ့နေရာနဲ့ နီးစပ်ရာ ပြည့်သူ့ဆေးရုံကြီးတွေမှာ သွားရောက်ကုသနိုင်တယ်လို့ ဒေါက်တာခင်သိင်္ဂမြင့်က ဆက်ပြောပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနကို ၂၄ နာရီ အချိန်ပြည့် ဖွင့်လှစ်ထားပြီး အခမဲ့ ကုသပေးနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သင်္ကြန်ကာလက အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့ လူနာ ၁၀၀၀ ကျော်ရှိပြီး ၂၀၁၇ ခုနှစ်မှာတော့ လူနာ ၈၀၀ ကျော်သာ ရှိခဲ့တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရဲ့ စာရင်းတွေ အရသိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD