AD
AD
AD
play

 

မတ်လ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အကယ်ဒမီဆုပေးပွဲမှာ စန္ဒယားဦးတင်ဝင်းလှိုင်ရဲ့ ပြောကြားချက်အပေါ် ပြန်ကြားရေးဝန်ကြီးဌာနက ဒီကနေ့ မတ်လ ၂၆ ရက်နေ့မှာ အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

‘အကောင်းဆုံးတေးဂီတဆု ရရှိခဲ့သည့် စန္ဒရား(ဦး)တင်ဝင်းလှိုင်အနေနဲ့  ကျေးဇူးတင်စကား ပြောကြား ခဲ့ရာတွင် လည်းကောင်း၊ အကယ်ဒမီပွဲပြီးနောက်ပိုင်း မီဒီယာအချို့နှင့် ပြောကြားသော စကားများတွင် လည်းကောင်း ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားနှင့်ပတ်သက်၍ မမှန်မကန် စွပ်စွဲပုတ်ခတ်ပြောဆိုမှုများအပြင် ပုဂ္ဂိုလ်ရေး ပုတ်ခတ် တိုက်ခိုက် ပြောဆိုမှုများ ပါဝင်နေပြီး ယင်းတို့ကို အွန်လိုင်းအပါအဝင် မီဒီယာများ၌ ရေးသားဖော်ပြလျက်ရှိရာ ယင်းအချက်များသည် မမှန်ကန်ကြောင်း ပြည်သူတို့သိရှိနိုင်ရေးအတွက်’ အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သူ့ရဲ့ ပြောဆိုမှုတွေထဲက အကြောင်းအရာတွေအပေါ်မှာပြန်ကြားရေးဝန်ကြီးဌာနက အချက် ငါးချက်နဲ့ အခုလို ထုတ်ပြန်ထားပါတယ်။

(၁) “၎င်း၏ ခြေခြေမြစ်မြစ်နှစ်နှစ်ကာကာ အစီအစဉ် မလွှင့်နိုင်သည်မှာ (၁)နှစ်ရှိပြီ” ဟု ပြောကြားချက်မှာ မှန်ကန်ခြင်းမရှိဘဲ ယင်းအစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်း၌ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်လျက်ရှိခဲ့ရာ အပိုင်း (၁၅၂)ကို ၂၀၁၈ ခုနှစ် ၊ မတ်လ(၂၀)ရက်နေ့တွင် နောက်ဆုံးထုတ်လွှင့်ခဲ့ပါသည်။ အသစ်ထပ်မံ ရိုက်ကူးနိုင်ရေးအတွက်လည်း ကာယကံရှင်၏မိသားစုနှင့်၂၀၁၇ခုနှစ်၊ ဇွန်လမှစ၍ ၂၀၁၈ ခုနှစ်၊ မတ်လ(၂၂) ရက်နေ့အထိ ကာလများအတွင်း အကြိမ်ကြိမ် ဆက်သွယ်ခဲ့ရာ ၎င်း၏သမီးဖြစ်သူက (ဦး)တင်ဝင်းလှိုင် မျက်စိခွဲစိတ်ရန်ရှိခြင်း ၊ ရုပ်ရှင်ကားကြီးများတွင် တေးဂီတတီးခတ်နေရခြင်း စသည်တို့ကြောင့်ဟု ဆိုကာ အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ပြီး အကယ်ဒမီပွဲကြီးပြီးမှသာ ရိုက်ကူးနိုင်ရေး ဆက်သွယ် မည်ဟု ပြန်ကြားခဲ့ကြောင်း သိရှိရပါသည်။

( ၂) “RCA စက် ၊ အသုံးပြုသည့်အပ် တစ်ခုမှ မရှိတော့” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိဘဲ  ခေတ်မီစက်များအသုံးပြု၍ ဒီဂျစ်တယ်စနစ်ဖြင့် ကူးယူ ထိန်းသိမ်းလျက်ရှိရာ ယနေ့အထိ မဟာဂီတ၊ ခေတ်ဟောင်း၊ နှောင်းခေတ်ကာလပေါ် တေးသီချင်းနှင့် အငြိမ့်၊ ဇာတ်သဘင် ဆက်စပ်အစီအစဉ်များ စုစုပေါင်းပုဒ်ရေ (၁၂၃,၁၄၈)ကျော် ကူးယူနိုင်ခဲ့ပြီး ။ သို့ဖြစ်ရာ “ဗမာ့အသံမြေကြီး ထဲမြုပ်သွားတော့မယ်” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိပါ။

( ၃) “သီချင်းခွေကူးရာတွင် ပိုက်ဆံအရမ်းပေးရတယ်၊ ရေအရမ်းလျှံရတယ်၊ ပိုက်ဆံ မပေးရင်လူအဟောင်း တွေနဲ့ ဘယ်ဝန်ကြီးဌာနမှာမှမရဘူး၊ ပိုက်ဆံပေးရတာချည်းပဲ” ဟူသောပြောကြားချက်မှာ အဖွဲ့အစည်းတစ်ခုကိုသာမက နိုင်ငံတော်အစိုးရ တစ်ရပ်လုံး၏ ဝန်ကြီးဌာနများကို သိမ်းကျုံးပုတ်ခတ် စွပ်စွဲပြောကြားချက်ဖြစ်နေ သည်။ ထိုသို့ ယေဘုယျဆန်သော စွပ်စွဲချက်ဖြင့် အဖွဲ့အစည်းများ ၊ ဝန်ကြီးဌာနများ အားလုံးကို အခြေအမြစ်မရှိ ပုတ်ခတ် စွပ်စွဲ ပြောဆိုခြင်းမျိုးကို လုံးဝလက်ခံနိုင်မည်မဟုတ်ပါ။

(၄) စန္ဒရား (ဦး) တင်ဝင်းလှိုင်မှ “ပြည်ထောင်စုဝန်ကြီးနား ကပ်လို့မရဘူး” ဟူသော ပြောကြားချက်မှာ လုံးဝမှန်ကန်ခြင်းမရှိဘဲ ပြန်ကြားရေး ၀န်ကြီးဌာန သို့လည်းကောင်း ဦးစီးဌာနတစ်ခုခုမှ လည်းကောင်း ဆက်သွယ်ပြောဆိုခဲ့ခြင်းမရှိဘဲ တွေ့ဆုံမှုကို တားဆီးခြင်း၊ပိတ်ပင်ခြင်းမရှိခဲ့ဟု ထုတ်ပြန်ထားသည်။ ။ ( ၅) ၎င်း၏ပြန်ပြောကြားချက်များတွင် လူပုဂ္ဂိုလ်ဆိုင်ရာ စော်ကားမှုအပြင် တပ်မတော်မှ နယ်ဘက်သို့ လွှဲပြောင်း အမှုထမ်းဆောင်နေသော ပုဂ္ဂိုလ်များနှင့်ပတ်သက်၍လည်း မတရားစွပ်စွဲပြောဆိုမှုများ ပြုလုပ်ခဲ့သည်မှာ လုံးဝသင့်လျော်မှု နိုင်ပါသည်။ ထိုသို့ ယေဘုယျဆန်သော စွပ်စွဲချက်ဖြင့် နယ်ဘက်တာဝန် လွှဲပြောင်း ထမ်းဆောင်သူ တပ်မတော်သားအားလုံးကို ပုတ်ခတ်စွပ်စွဲပြောဆိုခြင်းသည် အခြေ အမြစ်မရှိသည့် ပြောကြားချက်များဖြစ်တယ် ’လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီဖြစ်စဉ်အပေါ်ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက အိတ်ဖွင့်စာရေးတာတွေ၊သတင်းစာရှင်းလင်းတာတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD