AD
AD
AD
play

 

မတ်လ ၂၆ ရက်၊ မွန်းလွဲ ၁ နာရီလောက်က ပဲခူးတိုင်း၊ ဆွာမြို့အနီး အုန်းခြံကျေးရွာမှာရှိတဲ့ ထာဝရဘိုးဘွားရိပ်သာကို တောမီးကူးစက်ပြီး မီးလောင်ကျွမ်းခဲ့လို့ အဘိုးသုံးဦး မီးလောင် သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင် (၃၅) ဦးက မီးသတ်ယာဉ် (၅) စီးနဲ့ ရွာသူရွာသားတွေက ငြိမ်းသတ်ခဲ့ရပြီး နေ့လည် ၂ နာရီ ၂၅ မိနစ်မှာ မီးကြို့ငိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဦးအောင့်မြင့် (၅၇ နှစ်) ကန်းမြှောင်ရွာ၊ ဥက္ကံမြို့၊ ဦးမောင်ဝင်း (၇၃ နှစ်)ကုက္ကိုလ်ရွာ ညောင်တုန်းမြို့နယ်၊ ဦးပန်းမောင် (၉၀ နှစ်)သက်ကယ်ကုန်းရပ် တောင်ဒဂုံမြို့နယ်နေသူတို့က မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး တစ်ဦးက မစိုးရိမ်ရတဲ့ ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အဆိုပါ ထာဝရဘိုးဘွားရိပ်သာမှာ အဘိုးအဘွား ၃၁ ဦးနဲ့ သံဃာ ၅ ပါးတို့ကို စောက်ရှောက်ထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD