AD
AD
AD
play

 

ပွင့်သစ်စ အစီရင်ခံစာလို့ခေါ်တဲ့ မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာနက မတ်လ ၂၆ ရက်နေ့မှာ ပွင့်လင်းမြင်သာမှု အရှိဆုံး ပြည်တွင်းကုမ္ပဏီတွေရဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီအစီရင်ခံစာက စတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီတွေ၊ အများပိုင်ကုမ္ပဏီတွေအပါအ၀င် မြန်မာကုမ္ပဏီကြီး ၁၈၂ ခုကို အကဲဖြတ် ထားတာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်မှာ သတင်းအချက်အလက်တွေ ထုတ်ဖော်ပြသမှုအများဆုံး ကုမ္ပဏီသုံးခုက FMI ၊ City Mart Holdings နဲ့ Serge Pun & Associates ကုမ္ပဏီသုံးခုက ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဧရာဝတီဘဏ်နဲ့ မက်စ်မြန်မာ၊ ရွှေတောင်နဲ့ Grand Guardian Insurance ၊ Dagon Group နဲ့ Myanamr Thilawa SEZ Holdings တို့ကပါဝင်နေတယ်လို့ သိရပါတယ်။

"ဒီနှစ်ပွင့်သစ်စမှာ အဆင့်တွေပြောင်းထားတယ်။ ကုမ္ပဏီတွေလည်းပိုများလာတယ်။ ထူးခြားချက်က ကမ္ဘာ့ဘဏ်ရဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်းက ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေက အမှတ်တွေမြင့်မားပြီးတော့ တခြားကုမ္ပဏိတွေက ပျမ်းမျှ ၅၄ ရာခိုင်နှုန်း အထိပိုရတာကို တွေ့ရပါတယ်" လို့ MCRB ရဲ့ ဒါရိုက်တာ ဗစ်ကီဘိုးမန်းက ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ အများပိုင်ကုမ္ပဏီအနေနဲ့ မှတ်ပုံတင်ထားတဲ့ကုမ္ပဏီတွေမှာ ဒီလိုထုတ်ဖော်ပြသမှု အလွန်အားနည်းပြီး စီးပွားရေးလုပ်ငန်းတွေမှာ စီမံအုပ်ချုပ်မှုတွေ မရှိတာကိုတွေ့ရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD