AD
AD
AD
play
သာကေတအ၀ိုင်းနားတွင် ယာဉ်ကြောပိတ်ဆို့နေစဉ်။

 

ဒီနေ့(မတ်လ ၂၈) ရက်မနက်ပိုင်းက သာကေတမြို့နယ်၊ ဆောက်လုပ်ရေးမှတ်တိုင်၊ သန်လျင်တံတားချဉ်းကပ်လမ်းနဲ့ သာကေတအ၀ိုင်း ပတ်ဝန်းကျင်မှာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်ကြောပိတ်ဆို့မှုက သန်လျင်တံတားအဆင်း ရှုခင်းသာမြို့ပတ်လမ်းနဲ့ သန်လျင်တံတားချဉ်းကပ်လမ်းထောင့်မှာ ရေမြောင်းဆောက်လုပ်နေတာကြောင့် အခုလိုပိတ်ဆို့မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး မနက် ၇ နာရီ ၁၅ မိနစ်လောက်နေ စတင်ပိတ်ဆို့ ခဲ့တာဖြစ်ပါတယ်။

play

 

"ကားပိတ်ရတဲ့အဓိကအချက်က ဆောက်လုပ်ရေးမှတ်တိုင်နားမှာ Box Covert လုပ်ပြီး ပြန်ဖုံးထားတဲ့နေရာ အဆက်မှာချိုင့်ဖြစ်နေတယ်၊ သေသေချာချာမခင်းထားဘူး၊ ကားတွေက အဲဒီနေရာရောက်ရင် ဖြည်းဖြည်းမောင်းတော့ ကားပိတ်တယ်၊ နောက်တချက်က တံတားအဆင်းမှာ လုပ်နေတဲ့ Box Covert ကြောင့် လမ်းက တစ်လမ်းပဲရှိပြီး ပိုပိတ်တယ်။ ပိုဆိုးတာက ကားပိတ်တတ်မှန်းသိရက်သားနဲ့ ယာဉ်ထိန်းမရှိတော့ ပိုဆိုးသွားတာ"လို့ အဆိုပါ ပတ်ဝန်းကျင်ကို နေ့စဉ်ဖြတ်သန်းနေတဲ့ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။

အဆိုပါနေရာမှာ ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွားဖြစ်နေတာက ဆယ်ရက်ခန့်ရက်ခန့်ရှိပြီ ဖြစ်ပြီး ရုံးဝန်ထမ်းတွေရုံးနောက်ကျတာတွေ ဆက်တိုက်ဖြစ်နေတယ်လို့ သိရပါတယ်။ ယာဉ်ကြောပိတ်ဆို့နေတဲ့ နေရာကို ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက မနက် ၈ နာရီ ၃၀ မိနစ်ခန့်မှ ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD