AD
AD
AD
play

 

ဒီနေ့ (မတ်လ ၂၈ ရက်)မှာ နိုင်ငံတော်သမ္မတအဖြစ်ရွေးချုယ်ခံရဖို့ သေချာသလောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်းဦးဝင်းမြင့်က လွှတ်တော်ဥက္ကဋ္ဌဘ၀မှာ လွှတ်တော်ကိုထိန်းကြောင်းရာမှာ သဘောထားတင်းမာပြီး ပြတ်သားသူလို့ နာမည်ကြီးခဲ့ပါတယ်။

လွှတ်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ပြည်ပဘဏ်တွေမှာ မြန်မာဘဏ်စာရင်းငါးခုနဲ့ အပ်နှံထားတဲ့ အမေရိကန် ဒေါ်လာ ၁၁ ဘီလီယံကိစ္စ၊ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်တွေနဲ့  ပြည်နယ်/တိုင်း အစိုးရအဖွဲ့ဝင်တွေရဲ့ ရွှေ့ပြောင်း/မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ အကျိုးစီးပွားတွေကို ထုတ်ဖော်ပေးကြေညာပေးဖို့ ကိစ္စတွေကို ဦးစီးဆောင်ရွက်ခဲ့ပါတယ်။

ဒါ့အပြင် ဖြောင့်မတ်မှန်ကန်မျှတတဲ့ တရားစီရင်ရေးဖြစ်ထွန်းစေဖို့ ၊ တရားသူကြီး၊ အမှုသည်တွေနဲ့ သက်သေတွေ ကျမ်းသစ္စာကျိန်ဆိုဖို့၊ လယ်မြေ/အခြားမြေ သိမ်းဆည်းခံရလို့ ပြည်သူတွေ နစ်နာမှုမရှိစေရေးအတွက် ပြည်ထောင်စုအစိုးရကနေ အချိန်ဇယားထုတ်ပြန်ပြီး အရေးယူ ဆောင်ရွက်ပေးရန်တို့ကို တက်တက်ကြွကြွဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

ဦးဝင်းမြင့်က ပြည်သူ့ဆန္ဒနဲ့အညီ ဆောင်ရွက်ရေး လွှတ်တော်ကိုယ်စားလှယ်အားလုံးကို လွှတ်တော်အစည်းအဝေးတွေမှာ ပဲ့ပြင်ဆုံးမရာမှာ သြဇာကြီးမားသူအဖြစ်လည်း အသိအမှတ်ပြုခံရသူဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD