AD
AD
AD
play

 

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်ပွဲကို ကျင်းပတော့မှာပါ။ ဒီရွေးချယ်ပွဲမှာ လက်ရှိ ယာယီသမ္မတအဖြစ်တာဝန်ယူထားတဲ့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးဝင်းမြင့်တို့ သုံးဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ကြမှာ ဖြစ်ပါတယ်။

ဒီနေ့ ရွေးချုယ်ပွဲမှာ မဲအများဆုံးရရှိသူက သမ္မတဖြစ်လာမှာဖြစ်ပြီး ကျန်တဲ့သူ နှစ်ဦးက မဲရလဒ်အလိုက် ဒုတိယသမ္မတ ( ၁) နဲ့ ( ၂) ဖြစ်လာကြမှာ ဖြစ်ပါတယ်။

play

 

ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုအနိုင်ရထားလို့ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က နိုင်ငံတော် သမ္မတဖြစ်လာဖို့ ရာနှုန်းပြည့်နီးပါး သေချာနေပါတယ်။

NLD အစိုးရလက်ထက်မှာ ရွေးချယ်တင်မြောက်ခံခဲ့ရတဲ့ နိုင်ငံတော်သမ္မတဦးထင်ကျော်က သမ္မတတာဝန်ထမ်းဆောင်ပြီး နှစ်နှစ်အကျော်မတ်လ ၂၁ ရက်နေ့မှာ ရာထူးကနေအနားယူခဲ့လို့ သမ္မတရွေးကောက်ပွဲကို ခုနစ်ရက်အတွင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD