AD
AD
AD
play

 

ခွင့်မတောင်းဘဲ လက်ကိုင်ဖုန်းကို အသုံးပြုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားနှစ်ဦး စကားများ ရန်ဖြစ်ရာက သံပိုက်လုံးနဲ့ ရိုက်နှက်ခဲ့ခြင်းကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့မှု လှိုင်သာယာမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လှိုင်သာယာမြို့နယ်မှာ အပြင်ပဒံကျေးရွာ ရှိ ကျောက်စရစ်ခဲတင်ဆောင်တဲ့ သဘောပေါ်မှာ အလုပ်လုပ်နေတဲ့ ထက်ထက်အောင် ဆိုသူက မတ်လ ၂၅ ရက် ည ၁၀ နာရီ အချိန်ခန့်က အတူအလုပ်လုပ်ကိုင်သူ ထက်မြက်အောင်ရဲ့ လက်ကိုင်ဖုန်းကို ခွင့်မတောင်းဘဲ အသုံးပြုခဲ့သဖြင့် စကားများ ရန်ဖြစ်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မတ်လ ၂၆ ရက်မှာလည်း သူတို့နှစ်ဦး ထပ်မံ စကားများရန်ဖြစ်ခဲ့ပြီး အလျား (၂) ပေ၊ အချင်း (၂) လက်မခန့်ရှိတဲ့သံတုတ်နဲ့ ထက်မြက်အောင်က ထက်ထက်အောင်ကို ရိုက်နှက်ခဲ့ခြင်းကြောင့် ထက်ထက်အောင် မှာ ဦးခေါင်းတစ်ဝိုက် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကာ လှိုင်သာယာဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ပြစ်မှု ကျူးလွန်သူ ထက်မြက်အောင်ကို လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းက (ပ) ၃၀၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD