AD
AD
AD
play

 

နိုင်ငံတော်သမ္မတသစ်အဖြစ် ရွေးချယ်ခံရသူ ဦးဝင်းမြင့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို လာမယ့် မတ်လ ၃၀ ရက်မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပခဲ့တဲ့ ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နိုင်ငံတော်သမ္မတရွေးကောက်တင်မြှောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်တဲ့ လွှတ်တော်ဥက္ကဋ္ဌဟောင်းဦးဝင်းမြင့်က ထောက်ခံမဲ ၄၀၃ မဲနဲ့ နိုင်ငံတော်သမ္မတ ဖြစ်လာတာပါ။

အစည်းဝေးကို တက်ရောက်လာတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၆၃၆ ဦးက လျှို့ဝှက်မဲပေးစနစ်နဲ့ မဲပေးရွေးချယ်ခဲ့ကြတာ ဖြစ်ပြီး မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်က ထောက်ခံမဲ ၄၀၃ မဲ၊ ဒုတိယသမ္မတ-၁ ဦးမြင့်ဆွေက ထောက်ခံမဲ ၂၁၁ မဲနဲ့ ဒုသမ္မတ-၂ ဦးဟင်နရီဗန်ထီးယူက ထောက်ခံမဲ ၁၈ မဲ ရရှိခဲ့ပြီး ပယ်မဲ လေးမဲ ရှိခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဖြစ်လာတဲ့ ဦးဝင်းမြင့်က "ကျွန်တော်အတတ်နိုင်ဆုံး ပြည်သူ့တာဝန်ကျေပွန်အောင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပါ့မယ် ၊ မီဒီယာအားလုံး ကျေးဇူးပါပဲခင်ဗျ"လို့ သမ္မတရွေးကောက်တင်မြှောက်ပွဲအပြီးမှာ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

Photos : EPA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD