AD
AD
AD
play

 

ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲမှာ အကယ်ဒမီ စန္ဒယားဦးတင်ဝင်းလှိုင်က အကယ်ဒမီစင်မြင့်ပေါ်မှာ ပြောကြားခဲ့တာတွေနဲ့ပတ်သက်ပြီး ပြန်လည် တောင်းပန်ပေးဖို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်ဦးမြင့်ထွေးက ပြောကြားလိုက်ပါတယ်။

မတ်လ ၂၈ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

စန္ဒရားဦးတင်ဝင်းလှိုင်အနေနဲ့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနနဲ့ ပတ်သက်ပြီး ထည့်သွင်း ပြောကြားချက်တွေကို ပြန်လည်တောင်းပန် စေလိုပြီး မတောင်းပန်ပါက ဌာနရဲ့လွတ်လပ်ခွင့်နဲ့ ဂုဏ်သိက္ခာထိခိုက်မှု အပေါ်မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်လို့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးက ပြောပါတယ်။

“ကျွန်တော်တို့က ဖြေရှင်းဖို့အတွက် သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတောင်းဆိုတယ်။ ဖြေရှင်းမလား မဖြေရှင်းဘူးလားဆိုတာကတော့ တစ်ပတ်စောင့်ရင် စောင့်ရမယ်။ ဆယ်ရက် စောင့်ရင် စောင့်ရမယ်။ အဲဒီအပေါ်မူတည်ပြီး တရားစွဲ မလား၊ မစွဲဘူးလားဆိုတာ ဆုံးဖြတ်ရမယ်” လို့ ဦးမြင့်ထွေးက ပြောပါတယ်။

play

 

အဲဒီသတင်းစာရှင်းလင်းပွဲမှာ စန္ဒရားဦးတင်ဝင်းလှိုင် စွပ်စွဲပြောကြားချက်တွေနဲ့ ပတ်သက်လို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနအနေနဲ့ ပြန်လည်ရှင်းလင်းခဲ့ပြီး ဦးတင်ဝင်းလှိုင်ရဲ့ တောင်းပန်ချက်ကို အချိန်တစ်ခုစောင့်ဆိုင်းကာ တုံ့ပြန်မှု အပေါ်မူတည်ပြီး တရားဥပဒေအရ စဉ်းစား ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဦးတင်ဝင်းလှိုင်ရဲ့ပြောကြားချက်ထဲမှာပါဝင်တဲ့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာနမှာ“ သီချင်းခွေကူးရာမှာ ပိုက်ဆံပေးရတယ်” ဆိုတဲ့ ပြောကြားချက်နဲ့ ပတ်သက်လို့ အထောက်အထားတိတိကျကျ ရရှိရင် ၂၄ နာရီအတွင်း စုံစမ်းဖော်ထုတ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ကာ ပေါ်ပေါက်လာပါက အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဦးတင်ဝင်းလှိုင်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မတ်လ ၂၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်ပေ့ခ်ျစာမျက်နှာက တစ်ဆင့် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သလို စန္ဒာရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD