AD
AD
AD
play
ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ တရားရုံး။

 

ထိုင်းကျောင်းသူတစ်ဦး အသတ်ခံရမှုနဲ့  ဖမ်းဆီးခံထားရတဲ့ မြန်မာလုပ်သားလေးဦးအတွက် အမိန့်ချရက်ကို ရနောင်းမြို့ထိုင်းတရားသူကြီးက ဒီနေ့ (မတ်လ ၂၉ ရက်) အစား ဧပြီလ ၁၉ ရက်ကို ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

"အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲနဲ့ သူတို့အမိန့်ချမယ့်ရက်ကို ပြောင်းလိုက်တယ်။ ကျွန်တော်တို့ကို ကြိုမပြောဘဲနဲ့ ဧပြီလ ၁၉ ရက်နေ့ကို ပြောင်းလိုက်တယ်။ အခုဒီနေ့သွားတဲ့ သူတွေအကုန်ပြန်လာပြီ။ အကြောင်းမညီညွတ်လို့ဆိုပြီး ပြောတယ်။ ရှေ့နေကို ပြောထားတာက ဒီနေ့အမိန့်ချမယ်ပြောပြီး ဒီနေ့ကျတော့ အကြောင်းမညီညွတ်ဘူးပြောပြီးးတော့မှ ဘာကြောင့်မှန်း သေချာမသိရဘဲ သင်္ကြန်အပြီးမှအမိန့်ချမယ် ပြောတယ်"လို့ မြန်မာလုပ်သားလေးဦးအရေးကူညီပေးနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ဒါရိုက်တာ ဦးထူးချစ်က ဓူဝံကိုပြောပါတယ်။

၂၀၁၅ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ အသက်(၁၈)နှစ်ရှိ ထိုင်းကျောင်းသူတစ်ဦးကို မိုးဇင်အောင်၊ ကျော်စိုးဝင်း၊ စိန်ကတုံးနှင့် ဝေလင်းတို့က ဓားနဲ့ ၁၇ ချက်ထိုးသတ်ခဲ့တယ်ဆိုတဲ့ သံသယရှိမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play

 

လက်ရှိမှာ သူတို့ လေးယောက်ကို တရားရုံးချိန်းပေါင်း ၄၄ ကြိမ် ချိန်းဆိုစစ်ဆေးထားပြီး မြန်မာလုပ်သားလေးဦးရဲ့အလုပ်ရှင်ထိုင်းသူဌေးက စွပ်စွဲခံ မြန်မာလုပ်သားလေးဦးက အခင်းဖြစ်ပွားချိန်မှာ လုပ်ငန်းခွင်မှာ ရှိနေတယ်လို့ ထွက်ဆိုထားပါတယ်။

စွပ်စွဲခံမြန်မာလုပ်သားလေးဦးထဲက အသက်မပြည့်သေးတဲ့ မိုးဇင်အောင်နဲ့ ကျော်စိုးဝင်းတို့ကို ရနောင်းမြို့ ကလေးသူ ငယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပြီး သူတို့လေးဦးကို လူသတ်မှု၊ ပူးပေါင်းကြံစည်မှုနဲ့ လိမ်လည်ထွက်ဆိုမှုတို့နဲ့ ထိုင်းရဲတပ်ဖွဲ့က အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

သေဆုံးသူ ထိုင်းကျောင်းသူရဲ့ မိခင်က မြန်မာနိုင်ငံသားဖြစ်ပြီး ဖခင်က ထိုင်းနိုင်ငံသားဖြစ်ကာ ဖမ်းဆီးခံ မြန်မာရေလုပ်သားနှစ်ဦးက ထားဝယ်မြို့ ဇာတိဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါအမှုမှာ မြန်မာလုပ်သားလေးဦးကို ထိုင်းရဲတပ်ဖွဲ့က လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်လိုပဲ သက်သေအထောက်အထား တိတိကျကျမရှိဘဲ ဖမ်းဆီးထားတာဖြစ်တယ်လို့ ဦးထူးချစ်က ပြောပါတယ်။

Photos : GNLM,Aung Soe Htike Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD