AD
AD
AD
play

 

၂၀၁၈ ခုနှစ် သင်္ကြန်ပွဲတော်ကာလမှာ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေကို နားရက် ၂၅ ရက် ပေးဖို့ ထိုင်းအစိုးရက သတ်မှတ်ပေးခဲ့ပြီး ဧပြီလ ၅ ရက်ကနေ ၃၀ ရက်အထိ နားရက် ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါကာလအတွင်း နေရပ်ပြန်ကြမယ့် မြန်မာအလုပ်သမားတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူတာတွေ မလုပ်ဖို့လည်း သဘောတူ ထားတယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

နေရပ်ပြန်ကြမယ့် မြန်မာအလုပ်သမားတွေအနေနဲ့ ဂိတ်အ၀င် ဂိတ်အထွက်တွေမှာ တံဆိပ်တုံးထုဖို့ မလိုအပ်သလို၊ အခကြေးငွေလည်း ပေးဆောင်ဖို့ မလိုအပ်ဘူးလို့ ထိုင်းတော်ဝင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သင်္ကြန်ကာလတုန်းကလည်း ထိုင်းရောက်မြန်မာလုပ်သားတွေကို အ၀င်၊ အထွက်တံဆိပ်တုံးထုကာ တရားဝင် နေရပ်ပြန်ခွင့်ပေးခဲ့ပါသေးတယ်။

play
မြန်မာရွှေ့ပြောင်းလုပ်သားများ သောင်းရင်းမြစ်ကိုဖြတ်ပြီး ပြန်လည်ဝင်ရောက်လာစဉ်။

 

ဒါပေမယ့် သင်္ကြန်ကာလပြီးဆုံးလို့ ထိုင်းနိုင်ငံကို ပြန်ကြတဲ့ မြန်မာလုပ်သားအချို့ ၀င်ခွင့်မရတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး ထိုင်းရဲတပ်ဖွဲ့ နယ်စပ်ဂိတ်တွေမှာ စောင့်ဆိုင်းဖမ်းဆီး အရေးယူမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

လက်ရှိအချိန်မှာ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်သန်းကျော်က ဗီဇာနဲ့အလုပ်ပါမစ် သက်တမ်းကုန်ဆုံးတဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေပြီး ဒီနေ့ (မတ်လ ၂၉) ရက်မှာ မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာနတို့ ဘန်ကောက်မြို့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သား ၃ သန်းဝန်းကျင်ရှိပြီး တရားဝင်အထောက်အထားရှိသူ ၂ သိန်း ကျော် ရှိတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD