AD
AD
AD
play

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကြည့်ရှု စစ်ဆေးရေးအဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်အတွင်း အကျဉ်းထောင် ၂၆ ခုကို ကြည့်ရှု စစ်ဆေးတွေ့ရှိချက်တွေအရ အကျဉ်းထောင်တွေ အကျဉ်းသားဦးရေက မူလဝင်ဆံ့တဲ့ အင်အားထက် ၃၇.၃၇ ရာခိုင်နှုန်း ပိုလျှံနေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်ရေးကော်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအကျဉ်းသားတွေများပြားနေတာကို ဖြေလျော့နိုင်ဖို့အတွက် နိုင်ငံတော်သမ္မတရုံးကို အကျဉ်းသား လျော့ချရေးဆိုင်ရာ အကြံပြုချက် စာတမ်းကို တင်ပြခဲ့ပြီး မီဒီယာတွေကနေတစ်ဆင့် ကြားသိတဲ့သူတွေက မိမိဆွေမျိုးတွေ အပါအဝင် လွတ်စေချင်တဲ့ အကျဉ်းသားတွေရဲ့ အမည်စာရင်းကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဆီကို ပေးပို့လာတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

play

 

ကော်မရှင်အနေနဲ့ အကျဉ်းသားဦးရေ လျော့ချနိုင်ဖို့အတွက် စဉ်းစားရမယ့်အချက်တွေ၊ ဆောင်ရွက်သင့်တဲ့ အစီအစဉ်တွေကို အဆိုပါ အကြုံပြုချက်စာတမ်းမှာ ရေးသားဖော်ပြထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်သမ္မတရုံးရဲ့ ခွင့်ပြူချက်ရရှိရင် တစ်ဦးချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး ပြန်လည်စေလွှတ်နိုင်ရေးအတွက် အသေးစိတ်ဆောင်ရွက်တာတွေကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့အကြီးဆုံးထောင်တစ်ခုဖြစ်တဲ့ အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၅ ထောင်လောက်ကိုပဲ ထိန်းသိမ်းထားလို့ရတဲ့ ထောင်ဖြစ်ပြီး လက်ရှိအချိန်မှာ အကျဉ်းသားဦးရေ တစ် သောင်းကျော်အထိ ရှိနေတဲ့အတွက် အကျဉ်းထောင်ချဲ့ဖို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေကို အသိပေးတင်ပြသွားမယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD