AD
AD
AD
play

 

ဒီနှစ်သင်္ကြန်ကာလအတွက် ရန်ကုန်မြို့မှာ ရေကစားမဏ္ဍပ် လာရောက်လျှောက်ထားတဲ့ အရေအတွက်က ၃၀ ကျော်ပဲ ရှိတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းနှင့်တံတား ဌာနကနေ သိရပါတယ်။

ရန်ကုန်မြို့မှာ သင်္ကြန်ရေကစားမဏ္ဍပ် ၉၅ ခုလောက် ဆောက်လုပ်ခွင့်ပြုဖို့ စီစဉ်ထားပြီး လက်ရှိအချိန်ထိ မဏ္ဍပ်ကြီး ၂၂ ခု၊ မဏ္ဍပ် အလတ် ၁၁ ခု ၊ လမ်းလျှောက်သင်္ကြန်မှာ မဏ္ဍပ် ၂ ခု ဆောက်လုပ်ခွင့် လာရောက်လျှောက်ထားတယ်လို့ လမ်းနှင့်တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ဓူဝံကို ပြောပါတယ်။

“မနက်ဖြန် (မတ်လ ၂၉ ) ရက်မှာ အစည်းအဝေးလုပ်ပြီး ခွင့်ပြုမယ်လို့တော့ ပြောပါတယ်"လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ ဒါ့အပြင် မြို့နယ်အလိုက် မြို့နယ်ထွေအုပ် မဏ္ဍပ်တွေကိုလည်း အခုနှစ်မှာ ပထမဆုံးဆောက်လုပ်မှာဖြစ်ပြီး မြို့နယ် ၃၃ မြို့နယ်မှာ မဏ္ဍပ် ၃၃ ခု ဆောက်လုပ်မှာ ဖြစ်ပါတယ်။

play

 

ဒီနှစ်သင်္ကြန်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ စီးပွားဖြစ် မဏ္ဍပ်တွေကို ပြန်လည်ဆောက်လုပ်ခွင့်ပြုတာဖြစ်ပေမယ့် မဏ္ဍပ် လာရောက်လျှောက်ထားတဲ့ အရေအတွက်ကလျာထားချက်ထက် လျော့နည်းနေတာ ဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်မှာ ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနဲ့ အင်းလျားလမ်းကြား) တို့မှာ မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုထားဘဲ ပါရမီလမ်း၊ ဝေဇယန္တာလမ်း၊ မင်း ဓမ္မလမ်း၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ပြည်လမ်း၊ ဗိုလ်ချုပ်လမ်း၊ ကုန်သည်လမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း စတဲ့လမ်းတွေမှာ ဆောက်လုပ်ခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် မဟာဗန္ဒုလပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံနဲ့ သခင်မြပန်းခြံတို့မှာ လမ်းလျှောက်သင်္ကြန်နဲ့ စတုဒီသာမဏ္ဍပ်တို့ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD