AD
AD
AD
play

 

ဟောလိဝုဒ်မင်းသားကြီး ဂျော့ဂ်ျကလွန်နီရဲ့ဇနီး၊ နာမည်ကျော် လူ့အခွင့်အရေး ရှေ့နေ အမ်မယ်လ်ကလွန်နီဟာ နိုင်ငံတော်လျို့ဝှက်ချက်များ အက်ဥပဒေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်(ခ)၀လုံးနဲ့ ကိုကျော်စိုးဦး (ခ)မိုးအောင်တို့နှစ်ဦးဘက်မှ ရပ်တည်ပေးမယ့် ရှေ့နေအဖွဲ့မှာ ပါဝင်လိုက်ပြီလို့ သိရပါတယ်။

အသက် ၄၀ နှစ်အရွယ် အမ်မယ်လ် ကလွန်နီ (Amal Clooney) နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေးကို အဓိကလုပ်ဆောင်သူဖြစ်ပါတယ်။ သူမဟာ WikiLeaks တည်ထောင်သူ Julian Assage ၊ ယူကရိတ်းဝန်ကြီးချုပ်  Yulia Tymoshenko နဲ့ အီဂျစ်ကနေဒီယမ် ဂျာနယ်လစ် Mohamed Fahmy တို့ရဲ့အမှုတွေကိုလည်း လိုက်ပေးခဲ့ဖူးပါတယ်။

play
ကိုဝလုံးအား မတ်လ ၂၈ ရက်နေ့က ရုံးထုတ်လာစဉ်

 

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဘက်မှ အမ်မယ်လ်ကလွန်နီက ရပ်တည်ပေးမယ်ဆိုတဲ့သတင်းကို ရိုက်တာသတင်းစာမျက်နှာမှာ မတ်လ ၂၉ ရက်နေ့က ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။

အဆိုပါသတင်းထောက်နှစ်ဦးက ရခိုင်ပြည်နယ်က ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို စည်းရုံးပြီး အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောက်ကြန့်နယ်မြေ ရဲစခန်းမှာ ဒီဇင်ဘာလ ၁၂ နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

play
မတ်လ ၂၈ ရက်နေ့က တရားရုံးတွင် ကြားနာစစ်ဆေးမှုအပြီး သမီးငယ်ကို ချီထားတဲ့ ကိုကျော်စိုးဦး

 

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့လ (ဖေဖော်ဝါရီ) အတွင်းက အမေရိကန်အခြေစိုက် ပန်အမေရိကန်ဖောင်ဒေးရှင်းက PEN/Barbey Freedom to Write Award ဆုချီးမြှင့်​ခဲ့တယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်နေ့က အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ သူတို့နှစ်ဦးကို ၁၁ ကြိမ်မြောက် ရုံးထုတ်ခဲ့ပါတယ်။

Photos : Reuters

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD