AD
AD
AD
play
နိုင်ငံတော်သမ္မတများ ကတိသစ္စာပြုနေကြစဉ်။

 

ပြည်သူတွေမြင်ချင်တဲ့ အပြောင်းအလဲတွေဖြစ်အောင် ကြိုးစားသွားမှာဖြစ်ပြီး ပြည်သူတွေအတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေ၊ လူအဖွဲ့အတွင်းလှိုက်စားနေတဲ အဂတိလိုက်စားမှုတွေကို တိုက်ဖြတ်သွားမယ်လို့ နိုင်ငံတော်သမ္မသစ် ဦးဝင်းမြင့်က ပြောလိုက်ပါတယ်။

ဒီနေ့ (မတ်လ ၃၀ ရက်) မနက်ပိုင်းကကျင်းပခဲ့တဲ့ ဒုတိအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး နိုင်ငံတော်သမ္မတ ကတိသစ္စာပြုပွဲအပြီး ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်က အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေးရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့ (၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားရေး (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး (၃) ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

play

 

ဒါ့အပြင် လက်ရှိအချိန်က ဒီမိုကရေစီအသွင်ကူးပြောင်းမှုကာလရဲ့အစပဲရှိပါသေးတာကြောင့် ဒီလိုပြောင်းလဲမှုဖြစ်စဉ်အောင်မြင်စေဖို့ ပြည်သူပြည်သားတွေနဲ့ နိုင်ငံဝန်ထမ်းတွေ အားလုံးရဲ့ ပုံစံကျနေတဲ့ အလေ့အထတွေအားလုံးကို ပြောင်းလဲဖို့လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

ပြုပြင်ပြောင်းလဲမှုနှောင့်နှေးနေတဲ့ဌာနတွေကို ကြတ်မတ်သွားမှာဖြစ်ပြီး ယိမ်းယိုင်နေတဲ့တရားစီရင်ရေးကို တည့်မတ်ရမှာ ဖြစ်ကာ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရမယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို ကာကွယ်ရမှာဖြစ်ပြီး မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရမယ်လို့ ပြောပါတယ်။

ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့လယ်ယာမြေတွေ ပြန်လည်ရရှိရေး လျော်ကြေး၊ နစ်နာကြေးရရှိရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

တောင်သူလယ်သမားတွေရဲ့ လူနေမှုဘ၀မြင့်မားတိုးတက်ရေး အလုပ်သမားတွေရဲ့ဘ၀သာယာစိုပြေရေး၊ကျောင်းသားလူငယ်တွေ အဆင့်မြင့်ပညာရပ်တွေ ဆည်းပူးခွင့်ရရှိရေးတို့ကိုလည်း ဖော်ဆောင်သွားမယ်လို့ ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD