AD
AD
AD
play

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာမှာ မတ်လ ၂၉ ရက်နေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ဝင်နှစ်ဦး အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာကနေ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲဒုတပ်ကြပ်တစ်ဦးသေဆုံးကာ ရဲအုပ်တစ်ဦး ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ယိုးတရုတ်ရဲစခန်းမှာ တာဝန်ကျနေတဲ့ ဒုတပ်ကြပ်ကျော်အောင်ဝင်းနဲ့ စခန်းမှူးဘစံ တို့ဖြစ်တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ရန်ကုန် - စစ်တွေကားလမ်းနေဖြတ်သန်းမယ့် လူကြီးခရီးစဉ်တစ်ခုအတွက် လမ်းကြောင်းရှင်းလင်းရေး တာဝန်ယူနေတုန်း အချင်းချင်းစကားများတာကနေ ဒုတပ်ကြပ်ကျော်အောင်ဝင်းက စခန်းမှူးဘစံကို ဓားနဲ့ထိုးခဲ့လို့ ပခုံးမှာဒဏ်ရာရရှိခဲကာ စခန်းမှူးဘစံက သေနတ်နဲ့ ပြန်လည်ပစ်ခတ်ခဲ့လို့ ဒုတပ်ကျော်အောင်ဝင်းက ဦးခေါင်းကို သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး စခန်းမှူးဘစံကို ပုဏ္ဏားကျွန်းမြို့ရဲစခန်းကနေ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

Source : DMG

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD