AD
AD
AD
play

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား ကြိုဆိုပွဲ အခမ်းအနားကို ဒီနေ့ မတ်လ ၃၀ ရက် မနက် ပိုင်းမှာ နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီးဒေါ်ချိုချိုတို့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ဒုတိယသမ္မတတို့က ကြိုဆို နှုတ်ဆက်ကြပြီး ပြည်ထောင်စုဝန်ကြီးတွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံ မိတ်ဆက်ခဲ့ကြတယ်လို့ နိုင်ငံတော်သမ္မတရုံး ဖေ့ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

play

 

ဆက်လက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအကျိုးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ထမ်းဆောင်သွားကြရန်၊ စိတ်တူကိုယ်တူ တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း နှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

play

 

၂၀၁၈ ခုနှစ်၊ မတ်လ ၂၈ ရက်မှာ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ပွဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်တဲ့ နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားတဲ့ ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD