AD
AD
AD
play

 

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် အာဇာနည်ကိုးဦး လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံးအတွင်းရှိ အစည်းအဝေးခန်းမကို နဂိုမူလံပုံစံ အခင်းအကျင်းအထားထားရှိဖို့ ပြင်ဆင်နေတယ်လို့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) ကနေ သိရပါတယ်။

ဝန်ကြီးများရုံးအဆောက်အအုံရဲ့ နေရာတချို့ကို ပြတိုက်အဖြစ် ပြင်ဆင်ပြောင်းလဲရာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ပိုင်ရုံးခန်းလည်း ဖြစ်ခဲ့ဖူးတဲ့ အဲဒီအစည်းအဝေးခန်းမကို ၁၉၄၇ ခုနှစ်က ပုံစံအတိုင်းထားရှိမှာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

"လက်ရှိ နဂိုအနေအထားအတိုင်းရောက်အောင် ပြန်လည် ဖော်ထုတ်နေပြီး ဒီနှစ်အာဇာနည်နေ့၊ ဝန်ကြီးများရုံးကို အများပြည်သူ လေ့လာလို့ ရအောင် ဖွင့်ပေးတဲ့အခါမှာ ပြည်သူတွေ ကြည့်ရှုနိုင်အောင် လုပ်နေပါတယ်။ ဒါပေမယ့် တစ်ဝက်တစ်ပျက်ပဲ ဖြစ်နေဦးမှာပေါ့နော်။ ၁၉၄၇ ခုနှစ်တုန်းက အစည်းအဝေးခန်းမနဲ့ ဗိုလ်ချုပ်ရုံးခန်းအနေအထားအတိုင်း ပရိဘောဂကအစ ပြန်လည်ထားရှိသွားမှာပါ၊ ၂၀၁၉ ဇူလိုင်မှာ ပြီးမယ်လို့ မှန်းထားပါတယ်"လို့  YTH ပြန်ကြားရေးနှင့်ဆက်သွယ်ရေးအရာရှိ မနိုနိုအောင်က ပြောပါတယ်။

play

 

အဆိုပါ အခန်းပြင်ဆင်တဲ့ စီမံကိန်းမှာ နိုင်ငံအဆင့်အရေးပါတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီးရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) နဲ့ အနော်မာကုမ္ပဏီတို့ပူးပေါင်း ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ YHT က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့့ ၁၉၉၀ နှစ်က အလေးအမြတ်ထားတဲ့ နေရာတစ်ခုအဖြစ် ပြင်ဆင်ထားခဲ့တဲ့ မျက်နှာကျက်နဲ့ ကြမ်းခင်းပုံစံတွေ၊ နံရံအကာတွေကို ဖယ်ရှားလိုက်ပြီလို့ သိရပါတယ်။ ဒါကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ဖုံးအုပ်ပျောက်ကွယ်နေတဲ့ အခန်းရဲ့ အနုစိတ်လက်ရာတွေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတို့ကို ပိုမိုလေ့လာနိုင်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ၀န်ကြီးများရုံးကို အနော်မာအနုပညာအဖွဲ့က ရန်ကုန်တိုင်းအစိုးရခွင့်ပြုချက်နဲ့ နှစ် ၈၀ မြေဌားရမ်းပြီး ရှေးမူမပျက် ထိန်းသိမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Photos - YHT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD