AD
AD
AD
play

 

တာချီလိတ်မြို့သို့ သယ်ဆောင်လာမယ့် ရိုင်ဖယ်သေနတ်နဲ့ ကျည်ဆန်တွေကို မြန်မာ - ထိုင်းနယ်စပ်၊ မယ်ဆိုင်မြို့ဘက် ချစ်ကြည်ရေး အမှတ်(၁)တံတားက စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံသား စိုင်းနော် မောင်းနှင်လာတဲ့ ခရီးသည်တင် မှန်လုံယာဉ်နံရံမှာ လျို့ဝှက် သယ်ဆောင်လာတဲ့ ချက်နိုင်ငံထုတ် CZ-455 အမျိုးအစား (.၂၂) ရိုင်ဖယ်သေနတ် (၃) လက်နှင့် ကျည်(၂၅၀၀)တောင့်ကို မတ်လ (၂၉)ရက်နေ့က လက်နက်ရောင်းချပေးတဲ့ ထိုင်းနိုင်ငံသားတစ်ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

play

 

လက်နက်တွေ တင်ဆောင်လာတဲ့ မြန်မာနိုင်ငံသား စိုင်းနော်ကို ၂၀၁၇ ထိုင်းအကောက်ခွန် အက်ဥပဒေပုဒ်မ ၂၄၂ နဲ့ အမှုဖွင့်ထားပြီး အဆိုပါ သေနတ်တွေကို အထောက်အထားမရှိဘဲ ရောင်းချတဲ့ ထိုင်းနိုင်ငံသားကိုလည်း အရေးယူသွားမယ်လို့ သိရပါတယ်။

Source : Tachilake News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD