AD
AD
AD
play

 

အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်ငန်း YBS လုပ်ငန်းမှာ ရေတိုကို မျှော်လင့်ပြီး ငွေမြန်မြန်ပေါ်ချင်ရင် ရင်းနှီးမြှုပ်နှံတာတွေမလုပ်ဘဲ ဖဲရိုက်စားကြပါလို့  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောလိုက်ပါတယ်။

မတ်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ Dolphin စားသောက်ဆိုင်မှာ ပြုလုပ်တဲ့ ရန်ကုန်ဘတ်စ်စားအများနဲ့ သက်ဆိုင်သောကုမ္ပလီမိတက် အထူး အထွေထွေအစည်းဝေးနဲ့ ဒုတိယအကြိမ် နှစ်ပတ်လည် အစည်းဝေးပွဲမှာ အခုလိုပြောကြားခဲ့တာပါ။

“ရေတိုအတွက်တော့ ၀င်မလာပါနဲ့ ရေတိုလုပ်ချင်ရင် အပွင့်လင်းဆုံးပြောတာ ဖဲရိုက်။ မြတ်မယ်။ ရှုံးမယ်တော့ မသိဘူး။ မြတ်ရင် မတရားကြီးမြတ်မယ်။ ရှုံးလည်း ခွက်ခွက်လံအောင်ရှုံးမယ်။ ကျွန်တော်တို့ဆီမှာက ဆူလွယ်နပ်လွယ်လုပ်ငန်းတွေ သိပ်လုပ်ကြတယ်။ အဲဒါ စီးပွားရေးသမားမဟုတ်ဘူး။ တစ်နပ်စားပါ”လို့ ဦးမောင်မောင်စိုးက ပြောပါတယ်။

play

 

YBS လုပ်ငန်းက ရေရှည်အတွက်ကို ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံရတဲ့ လုပ်ငန်းဖြစ်ပြီး သေချာပေါက် အမြတ်အစွန်း ပြန်လည်ရရှိမယ့် လုပ်ငန်းဖြစ်တာကြောင့် အရင်တုန်းကလို တစ်နှစ်၊ နှစ်နှစ်အတွင်း ကားဖိုးအရင်းကျေကာ ကားလည်း ဂျုးံဂျုံးကျသွားတဲ့ အဖြစ်မျိုး ရှိလာတော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ YBS ကားတွေပျက်စီးပြီး ပြင်ဆင်ချင်ရင် နေရာအခက်အခဲရှိနေပြီး အချိန်ကြာတာတွေ ကြုံတွေ့နေရလို့ နိုင်ငံတကာအဆင့်မီ ဆားဗစ်စင်တာတွေ တည်ဆောက်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဘတ်စ်ကားစနစ်ကို အများပြည်သူဝန်ဆောင်မှုပေးနိုင်တဲ့ စနစ်အဖြစ်ပြောင်းလဲဖို့ ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်မှာ မထသကိုဖျက်သိမ်းပြီး YBS ဘတ်စ်ကားစနစ်ကို ပြောင်းလဲခဲ့ကာ လက်ရှိအချိန်မှာ YBS ယာဉ်လိုင်းပေါင်း ၉၀ ကျော်နဲ့ ပြေးဆွဲနေပါတယ်။

Photos : YBS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD