AD
AD
AD
play

 

မီးလောင်ပျက်စီးခဲ့တဲ့ မင်္ဂလာဈေးကို ဧပြီလ ၁ ရက်နေ့မှာ စတင်ဆောက်လုပ်မှာဖြစ်ပြီး ၂ နှစ်ခွဲအတွင်းမှာ အပြီးတည်ဆောက်သွားမယ်လို့ သိရပါတယ်။

မင်္ဂလာဈေးဆောက်လုပ်ရေးလုပ်ငန်းတွေကို ဆန်းမြတ်ထွန်း (SMT) ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်မှာဖြစ်ပြီး ကားပါကင်နဲ့ ၁၅ ထပ် အဆင့်မြင့်အဆောက်အအုံအဖြစ် တည်ဆောက်သွားမှာဖြစ်ကာ ကျပ်ငွေ ၆၈ ဘီလီယံကျော် ကုန်ကျမယ်လို့ သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းစဉ်တွေအတွက် ဈေးဒီဇိုင်းတင်ဒါကို Amenity Design Group က ရရှိထားပြီး ကနဦးမြေစမ်းသပ်တာတွေ၊ မြေညှိတာတွေကို မတ်လ ၃၀ မှာပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

play

 

ဈေးနေရာချဖို့နဲ့ အတည်တကျဖြစ်ဖို့ကို သုံးလအတွင်းမှာဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၀ နစ်ကုန်မှာ မင်္ဂလာဈေးသစ်ဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

မင်္ဂလာဈေးကို ၁၉၉၈ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ပထမအကြိမ်၊၂၀၁၆ ဇန်နဝါရီ ၉ ရက်မှာ ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ဒုတိယအကြိမ် မီးလောင်ကျွမ်းမှုမှာ တတိ ယထပ်ကနေ ခေါင်မိုးထပ်အထိ ဆိုင်ခန်းပေါင်း ၁,၆၃၆ ခန်း ဆုံးရှုံးခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်က မင်္ဂလာ ဈေးမီးဘေးသင့်မှုကြောင့် ဆိုင်ခန်း ပေါင်း ၁၆၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေ ကျပ် သိန်းပေါင်း ၃၆၀၀၀ ကျော်ရှိခဲ့ပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD