AD
AD
AD

နိုင်ငံတော်သမ္မတဦးဝင်းမြင့်တက်ရောက်ပြီးနောက်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းတာအပါအ၀င်ကြေငြာချက်သုံးခုကို မတ်လ ၃၀ ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။

play

 

ထုတ်ပြန်ချက်တွေက ပြည်ထောင်စုအစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းတာ၊ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီပြင်ဆင်ဖွဲ့စည်းတာ၊ ဘဏ္ဍာရေးကော်မရှင်ပြင်ဆင်ဖွဲ့စည်းတဲ့ ကြေငြာချက်တွေကို ထုတ်ပြန်ခဲ့တာပါ။

  သမ္မတဟောင်း ဦးထင် ကျော်လက်ထက်မှာ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအတိုင်း ဖွဲ့စည်းပေမယ့် အစည်းအဝေးခေါ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီမှာ နိုင်ငံတော် သမ္မတသည် ဦးဆောင်သည့်နေ ရာ၌ ပါဝင်ပြီး ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး ဟူ၍ ပုဂ္ဂိုလ် ၁၁ ဦးပါဝင်တယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD