AD
AD
AD
play
လေပြင်းတိုက်ခတ်မှုကြောင့် နေပြည်တော်၊ ပျဉ်းမနားတွင် သစ်ပင်များကျိုးခဲ့စဉ်။

 

ဘင်္ဂလားပင်လယ်အော်ကတိုက်ခတ်လာတဲ့ လေနွေးတွေနဲ့ အရှေ့ဘက်က ၀င်ရောက်လာတဲ့လေအေးတွေ မြန်မာနိုင်ငံတွင်း စုဆုံနေတဲ့အပြင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေမှာ နေ့အပူချိန်တွေ မြင့်တတ်မှုကြောင့် မွန်းလွဲညနေပိုင်းတွေမှာ မိုးရွာသွန်းပြီး လေပြင်းတိုက်မှုတွေ ဖြစ်ပွားနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

နေပြည်တော်၊ ရန်ကုန်တိုင်းအပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ ဧပြီလ ၁ ရက်ကနေ ဧပြီလ ၆ ရက်အထိ မိုးရွာသွန်းမှု တွေ ဖြစ်ပေါ်နိုင်ပြီး နေ့အပူချိန်မြင့်တက်မှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ စတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဓူဝံကို ပြောပါတယ်။

play

 

“ကြိုတင်သတိပြု နိုင်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ နွေရာသီကာလတွေမှာ မိမိတို့ဒေသမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းလာပြီဆိုရင် လေပြင်းတိုက်နိုင်တဲ့ အခြေအနေမျိုးတွေရှိတာကြောင့် ဒါတွေကို ကြိုတင်သတိပြုဖို့လိုပါတယ်”လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့ကလည်း နေပြည်တော်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ၊ လေပြင်းတိုက်ခတ်မှုတွေ ကြုံတွေ့ခဲ့ရပါတယ်။

ဧပြီလအတွင်း ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းတို့မှာ နေ့အပူချိန်တွေက ဖြစ်မြဲအောက်လျော့ကာ အပူပေါ့နိုင်ပြီး ကျန်ဒေသတွေမှာ နေ့အပူချိန် ပုံမှန်ခန့်သာရှိနိုင်ပြီး အပူချိန်လျော့နည်းကာ မိုးပိုနိုင်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD