AD
AD
AD
play

 

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာအုပ်စု ကွမ်းခြံကုန်းကျေးရွာမှာ မတ်လ ၃၁ ရက် မွန်းတည့် ၁၂ နာရီက လင်မယားစနောက်ရင်း စကားများ ရန်ဖြစ်တာကနေ ဇနီးဖြစ်သူက ကတ်ကြေးနဲ့ထိုးခဲ့လို့ ခင်ပွန်းဖြစ်သူသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သန်လျင်မြို့မရဲစခန်းမှ ဒုရဲအုပ်ဝင်းမော်အောင်က သန်လျင်ဆေးရုံမှာ လူတစ်ဦးဝဲ ဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ ရောက်ရှိနေတာကို သတင်းရလို့ သွားရောက်စစ်ဆေးခဲ့ရာမှာ ဒဏ်ရာရရှိသူက အောင်ပြည့်ဖြိုး (၂ဝနှစ်) ကွမ်းခြံကုန်းကျေးရွာဘုရား ကုန်းကျေးရွာအုပ်စု သန်လျင်မြို့နယ်နေသူဖြစ်ပြီး ဝဲဘက်ရင်အုံမှာ ထိုးသွင်းဒဏ်ရာတွေနဲ့ သန်လျင် အထွေထွေဆေးရုံကို ရောက်ရှိတုန်းမှာ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

စုံစမ်းမေးမြန်းမှုတွေအရ သေဆုံးသူရဲ့နေအိမ်မှာ ဇနီးဖြစ်သူ မသိမ့်သိမ့်သူ အသက်(၁၈နှစ်) ကွမ်းခြံကုန်းကျေးရွာ ဘုရားကုန်းကျေးရွာအုပ်စု သန်လျင်မြို့နယ်နေသူနဲ့ နေအိမ်မှာ စနောက်ရင်းစကားများရန်ဖြစ်တာကနေ ဇနီးဖြစ်သူ မသိမ့်သိမ့်သူက လက်ကိုင်ရိုးပန်း ရောင်ကော်ရိုးတပ် အရိုးသုံးလက်မ၊ အသွားသုံးလက်မခွဲခန့်ရှိ ကတ်ကြေးနဲ့ ဝဲဘက်ရင်အုံကိုထိုး လိုက်မိပြီး ဆေးရုံသို့ရောက်စဉ် သေဆုံးသွားတာလို့ ဆိုပါတယ်။

အဆိုပါသေဆုံးမှုအား သန်လျင်မြို့မရဲစခန်းက  (ပ) ၉၁၃/ ၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ၃ဝ၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD