AD
AD
AD

play

 

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်ခဲ့တဲ့ မြန်မာလုပ်သားများ လိုက်ပါလာတဲ့ မှန်လုံယာဉ်ကားမီးလောင်မှုက ဆေးလိပ်မီးကြောင့် မဟုတ်ဘဲ ယာဉ်ရဲ့ချို့ယွင်းမှုကြောင့် ဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဆိုပါ ယာဉ်ဟာ ယာဉ်ရဲ့ အနောက်ဘက်ကနေ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ယာဉ်ရဲ့ အလယ်တည့်တည့်မှာ ပေါက်ထွက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောကြားထားပါတယ်။

“သူတို့ ပြောသလို ဆေးလိပ်မီးကြောင့် လောင်တာမဟုတ်ပါဘူးး။ ဒီလိုယာဉ်တွေမှာ ဆေးလိပ်သောက်ခွင့်မရှိပါဘူး။ ယာဉ်က အင်ဂျင်ပိုင်းဆိုင်ရာ တအားနိမ့်နေပါတယ်။ စက်ရဲ့ ချို့ယွင်းမှုကြောင့် ဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ ကားမီးလောင်တဲ့အချိန်မှာ အနောက်ကလာတဲ့ ကားတစ်စီး တွေ့တယ်။ ဟွန်းတီးတဲ့ အချိန်မှာလည်းး ကားက မရပ်ဘူးလို့ ပြောတယ်။ လူတွေက မှန်တွေကို ထုခွဲပြီး ဆင်းပြေးကြတယ်။ ကားသမားက ရှေ့ပေါက်ကို ဖွင့်ပေးတယ်။ အရှေ့ပိုင်းက လူတွေက လွတ်သွားတယ်။ ခါးလယ်က ပေါက်ထွက်တာဆိုတော့ အနောက်ပိုင်းက လူတွေအကုန်လုံး အသက်ဆုံးရှူံးသွားရတယ်”လို့ ထိုင်းရောက် မြန်မာလုပ်သားအရေးကူညီ ဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ဓူဝံမီဒီယာကိုီ ပြောပြပါတယ်။

play

 

ကားမီးလောင်မှုကြောင် ယာဉ်ပေါ်ပါ မြန်မာလူမျိုး ၄၇ ဦးထဲက အမျိုးသမီး ၁၈ ဦး၊ အမျိုးသား ၂ ဦး နေရာမှာတင် မီးလောင်သေဆုံးခဲ့ပြီး ၃ ဦးကိုတော့ ဆေးရုံ တင်ထားရတယ်လို့ သိရပါတယ်။

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ သဘောတူညီချက် MOU နဲ့ လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာလုပ်သားတွေ ဖြစ်တာကြောင့်နစ်နာဆုံးရှုံးခဲ့သူတွေကို နှစ်နိုင်ငံသက်ဆိုင်ရာတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

မြန်မာလူမျိုး ၄၇ ဦး တင်ဆောင်လာတဲ့ မှန်လုံယာဉ်ဟာ မတ်လ ၃၀ ရက် မနက် ၂ နာရီဝန်းကျင်က မဲဆောက်လမ်းကြောင်းကနေ မောင်းနှင်လာစဉ် ထိုင်းနိုင်ငံတာ့ခရိုင် တောင်ပေါ် အဆင်းလမ်းမှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD