AD
AD
AD
play

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း(၂)နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့(ဧပြီလ ၁) ညပိုင်းက နိုင်ငံပိုင်မီဒီယာတွေကနေတဆင့် မိန့်ခွန်းပြောကြားသွားပါတယ်။

ဒီလိုမိန့်ခွန်းပြောကြားရာမှာ ပြည်သူကိုအရေးအကြီးဆုံးအစီရင်ခံချင်တာက နိုင်ငံတော်သမ္မတသစ်တင်မြှောက်နိုင်ခဲ့တာဖြစ်ပြီး ဦးဝင်မြင့်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်နိုင်တာ ဒီမိုကရေစီရင့်ကျက်မှုကို ရောင်ပြန်ဟပ်ပါတယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီအောင် သမ္မတဦးထင်ကျော်တာဝန်ကနေ နုတ်ထွက်တဲ့ မတ် လ ၂၁ ရက်ကစပြီး အလုပ်ရက် တစ်ပတ်အတွင်း ပြီးမြောက်စေဖို့ ဆောင်ရွက်ရာမှာ ပူးပေါင်းပါဝင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ ၊လွှတ်တော်ဝန်ထမ်းများ ၊ အခြားအစိုးရဌာနမှ ဝန်ထမ်းတွေကို ကျေးဇူးတင်ရှိပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးဦးဝင်း ပြည်ထောင်စုလွှတ်တော်မှာ ကတိပြုပြီးပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အစိုးရရဲ့ ဦးစားပေးရည်မှန်းချက်တွေကို ပြောကြားသွားတာကြောင့် သမ္မတရဲ့မိန့်ခွန်းကအရေးကြီးပြီး အစိုးရအဖွဲ့ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေကိုချပြသွားတာကြောင့် သေသေချာချာ နားမထောင်ခဲ့ကြရသေးရင်လည်းပြန် ဖတ်ကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။

လာမယ့်မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်အတွက် အစိုးရအနေနဲ့ စုပေါင်းအင်အားကို အလေးထားပြီး နိုင်ငံရဲ့စိန်ခေါ်မှုကြီးများကို ကျော်လွားဖို့ သန္ဓိဌာန်ချထားတယ်လို့ ဆိုခဲ့ပြီး ပြည်သူပြည်သားတွေအတွက် အမှန်တကယ်အကျိုးဖြစ်စေမယ့် ဆောင်ရွက်မှုတွေကို ထပ်မံသတ်မှတ်ပြီး နှစ်ကူးချိန်မှာ ချပြသွားမယ်လို့ ပြောခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD