AD
AD
AD
play

 

ဧပြီလ ၁ ရက်နေ့ ဖြစ်ပွားခဲ့တဲ့ မြောင်းမြကြိုးတံတားပြတ်ကျမှုဖြစ်စဉ်ကို ဆောက်လုပ်ရေး ၀န်ကြီးဌာနဒုဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့က စုံစမ်းစစ်ဆေးနေပြီး ကျန်ရှိတဲ့ အန္တရာယ်ရှိ တံတားတိုင်တွေ ပြုပြင်ထိန်းသိမ်းရေးကို ဂျပန်နိုင်ငံမှ ပညာရှင်တွေက လာရောက်ကြည့်ရှု စစ်ဆေးနေတယ်လို့ သိရပါတယ်။

အဆိုပါတံတားအစား  ဆောက်လုပ်ရေးဝန်ကြီးဌာနက တန် ၆ဝ ခံနိုင်ဝန်ရှိတဲ့ တံတားအသစ်တစ်စင်းကို မူလကြိုးတံတားဟောင်းနဲ့ ယှဉ်ပြီး နှစ်လမ်းသွား သံကူကွန်ကရစ်တံတားအသစ် ဆောက်လုပ်နေတဲ့ အချိန်မှာအခုလို ပြိုကျခဲ့တာ ဖြစ်ပါတယ်။ တံတားသစ်တည်ဆောက် နေစဉ်အတွင်း လမ်းပန်းဆက်သွယ်ရေးအဆင်ပြေစေဖို့ ဇက်တွေနဲ့ မြစ်ကူးနိုင်ဖို့ စီစဉ်သွားမယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရန်ကုန်-အိမ်မဲ-မြောင်းမြ-လပွတ္တာကားလမ်းပေါ်က ဘုရားချောင်းကျေးရွာနဲ့ ကွယ်လွယ်ကျေးရွာသို့ ဆက်သွယ်ထားတဲ့ အလျား ၁၄၅ဝ ပေ၊ အကျယ် ၂၈ ပေရှိ မြောင်းမြကြိုးတံတားက ဧပြီလ ၁ ရက် မနက် ၂ နာရီလောက်မှာ သံမဏိကြိုးဆိုင်း တွေ ပြတ်ကျပြီး ရွေးမြစ်ထဲကို ပြုတ်ကျမှု ဖြစ်ပွားခဲ့တာပါ။

play

 

ဒီဖြစ်စဉ်ကြောင့် ယာဉ်မောင်း သန်းဇော်ထိုက်(ခ) မဲကြီး မောင်းနှင်ပြီး ယာဉ်နောက်လိုက် တစ်ဦးလိုက်ပါလာတဲ့ ခြောက်ဘီးယာဉ် အမျိုးအစား ယာဉ်အမှတ်၊ 2J/1599 သည် ကြက်စာ ၈ တန်ခန့် တင်လာတဲ့မော်တော်ယာဉ်က မြောင်းမြမြစ်ထဲကို ပြုတ်ကျသွားကာ ယာဉ်မောင်းဖြစ်သူကို ဧပြီလ ၁ ရက်နေ့ ညနေပိုင်းမှာ မြစ်ထဲကနေ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ယာဉ်နောက်လိုက်ကို ဒီနေ့မှာ ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

၁၉၉၆ ခုနှစ် မတ်၂၇ မှာ ဖွင့်လှစ်အသုံးပြုခဲ့ပြီး နှစ်ပေါင်း ၂ဝ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ အဆိုပါကြိုးတံတားက နာဂစ်ကာလမှာလည်း အရေးပေါ်အခြေအနေကြောင့် တံတားခံနိုင်ဝန်ထက်ပိုတဲ့ ကယ်ဆယ်ရေးယာဉ်တန်းတွေ ဖြတ်သန်းခဲ့တာကြောင့် တံတားမှာ ပိုမိုပျက်စီးခဲ့ရပြီး လက်ရှိအချိန်မှာ ယာဉ်တစ်စီးခွင့်ပြုတန်ချိန်ကို ၆ဝ ကနေ တန်၂ဝ အထိလျှော့ချပြီး ခွင့်ပြုထားခဲ့ရတာတွေကြောင့်  ခံနိုင်ရည်ဝန်အား ၈ဝ ရာခိုင်နှုန်းကျော်ကျဆင်းကာ အန္တရာယ်ရှိတံတားအဖြစ်သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD