AD
AD
AD
play

 

မြန်မာ့တပ်မတော်က ဗိုလ်မှူးချုပ်ရာထူး စစ်ယူနီဖောင်းဝတ်ဆင်ပြီး တရားမ၀င်လက်နက်ကိုင်ဆောင်သူတစ်ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၈ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် ပြင်ဦးလွင်မြို့နယ်၊ ရေငယ်ကျေးရွာ မန္တလေး-လားရှိုးကားလမ်းဘေးရှိ ရွှေမူဆယ် စားသောက်ဆိုင်မှာ တပ်မတော်အရာရှိဝတ်စုံ (ကော်လံတံဆိပ်မပါ) စစ်ယူနီဖောင်းတို့ကို ဝတ်ဆင်ထားတဲ့ မသင်္ကာသူ မူဆယ်မြို့၊ ဘိုဖိုင်ကျေးရွာနေ ညွန့်စိန်(၅၈)နှစ်နဲ့ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၇)နေ စံသီး(ခ)စံသေး(၄၄)နှစ်နေသူတို့ကို လက်ကိုင်အိတ်တစ်ခုထဲကနေ ၉ မမ ပစ္စတို ၁ လက်၊ ၉ မမကျည် ၇ တောင့်နဲ့ ၈ တောင့် ဖြည့်ထားသော ကျည်အိမ် ၂ ခု၊ ၉ မမကျည်အလွတ် ၁၇ တောင့်၊ စုစုပေါင်း ၉ မမ ကျည် ၃၂ တောင့်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမှုတွေအရ ညွန့်စိန်ဆိုသူက  ပြင်ဦးလွင်မြို့နယ်မှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ဖို့ မြေဝယ်ယူရာမှာ အဆင်ပြေချောမွေ့စေရေး ရည်ရွယ်ပြီး ပြည်သူ့စစ်လို့ ပြောဆိုကာ စစ်ဝတ်စုံကို ဝတ်ဆင်ခဲ့ပြီးသူကိုင်ဆောင်တဲ့ သေနတ်က ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံ၊ ကျယ်ဂေါင်မြို့မှာ တရုတ်နိုင်ငံသား တစ်ဦးထံကနေ တရုတ်ငွေ ၃၅၀၀၀ ယွမ်နဲ့ ဝယ်ယူကာ ကိုင်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီးညွန့်စိန်ကို ပိတ်ချင်းမြောင် ရဲကင်းစခန်းက (ပ)၂၅/၂၀၁၈၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ)အရ လည်းကောင်း၊ ညွန့်စိန်နဲ့ စံသီး(ခ)စံသေးတို့ကို (ပ)၂၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀/၁၁၄ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Source : ရဲဇာနည်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD