AD
AD
AD
play

 

ရန်ကုန်သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် ပါမစ်တွေကို ဒီနေ့ ဧပြီလ ၂ ရက်နေ့မှာ စတင်ထုတ်ပေးနေပြီး မြို့နယ်ထွေအုပ် မဏ္ဍပ်တွေ အပါအ၀င် မဏ္ဍပ်ပေါင်း ၆၆ ခု ကို ခွင့်ပြုထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။

ဒီနှစ်သင်္ကြန်တွင်းအတွက် မြို့နယ်ထွေအုပ် မဏ္ဍပ် ၃၂ ခု၊ ပုဂ္ဂလိက မဏ္ဍပ် ၃၁ ခု၊ လမ်းလျှောက်သင်္ကြန် ၃ ခု တို့ကို ခွင့်ပြုထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

မဏ္ဍပ်ကြီးဆိုရင် စပေါ်ငွေ သိန်း ၂၀၀၊ မဏ္ဍပ်အလတ်ဆိုရင် စပေါ်ငွေ သိန်း ၁၀၀ ပေးသွင်းရမှာ ဖြစ်ပြီး ရေခ၊ မြေခ၊ သန့်ရှင်းရေးခ၊ လမ်းတံတားကြေးတွေကိုပါ တစ်ခါတည်းပေးသွင်းရမယ်လို့ မဏ္ဍပ်နေရာချထားရေးကော်မတီ အဖွဲ့ဝင် ဦးသိန်းအုတ်က ဓူဝံမီဒီယာကို ပြောပါတယ်။

play

 

“ ဒီနေ့ စထုတ်ပေးနေပြီ။ ရက်တော့ မသတ်မှတ်ထားပါဘူး။ မဏ္ဍပ်မဆောက်လုပ်ခင် ကာလအထိ ထုတ်ပေးပါတယ်” လို့ ဦးသိန်းအုတ်က ပြောပါတယ်။ ဒီနှစ်သင်္ကြန်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မဏ္ဍပ်ပေါင်း ၉၅ ခု ခွင့်ပြုဖို့ လျာထားခဲ့ပေမယ့် သတ်မှတ်ချက်ထက် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်သင်္ကြန်အတွက် စတုဒီသာ၊ လမ်းလျှောက်သင်္ကြန်ကျင်းပမယ့် နေရာတွေကတော့ မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးမြေပဒေသာကျွန်း၊ ကန်တော်မင်ပန်းခြံနဲ့ သခင်မြပန်းခြံတို့ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ၂၀၁၆ ခုနှစ်ကစပြီး စီးပွားဖြစ်မဏ္ဍပ်ဆောက်လုပ်ခွင့်ကို တားမြစ်ခဲ့ကာ ဒီနှစ်မှ ပြန်လည် ခွင့်ပြုတာဖြစ်သလို လမ်းလျှောက်သင်္ကြန်ကိုလည်း ခုနှစ်မှာမှ ပထမဆုံးကျင်းပတာလည်းဖြစ်ပါတယ်။

Photos : 7DayDaily,MBT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD