AD
AD
AD
play

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ကျော်မြန်မာရွှေဆိုင်ပိုင်ရှင်ကို အမျိုးသားနှစ်ဦးက လုယက်ခဲ့ပြီး ရွှေနဲ့ကျောက်အပါအ၀င် သုံးပိသာနဲ့ ကျပ်သိန်း ၂၀၀ ကျော်ကိုယူဆောင်သွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အဆိုပါ ရွှေဆိုင်ကို ဧပြီ ၁ ရက်နေ့ မနက်က အသက် ၃၅ နှစ်အောက်ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ အသက် ၅၀ အောက် အမျိုးသားတစ်ဦးတို့ ရောက်ရှိလာပြီး ရွှေဆိုင်ပိုင်ရှင်ကို ဓါးနဲ့ထိုးပြီး ရွှေသုံးပိသာာနဲ့ ကျပ်သိန်း ၂၀၀ ကို ယူဆောင်ကာ ဆိုင်ရှင်ရဲ့ Toyota Belta ကားနဲ့ မောင်းနှင် ထွက်ပြေးခဲ့တာပါ။

play

 

“တရားခံတွေက ကချင်လူမျိုးတွေဖြစ်တယ်။ ကချင်ရပ်ကွက်တွေမှာ ဘာသာရေးကျောင်းတွေကိုပါ ရှာနေပါတယ်။ တရားခံရဲ့ ပုံသဏ္ဍာန်နဲ့ သွားလာမှုပုံစံတွေကိုပါ လိုက်လံရှာဖွေနေပါတယ်။ ဖမ်းဆီးရမိဖို့ နီးစပ်ပြီလားဆိုတော့ ကျွန်တော့်အမြင်လူဦးရေ နှစ်သိန်းသုံးသောင်း လောက်ရှိတယ်။ အဲ့ကြားထဲမှာ လူမျိုးရှစ်မျိုးရှိတယ်ဆိုတော့ ကျွန်တော်တို့ အထက်အကြီးအကဲနဲ့ တိုင်ပင်ပြီးတော့ ဆက်လက်ဆောင်ရွက် နေပါတယ်။ အသက် ၃၅ အောက်တစ်ယောက်ရဲ့ ၀တ်စားဆင်ယင်မှုက ကမ္ဘောဇဘဏ်မှာတုန်းက ဖြစ်ပျက်ခဲ့တာနဲ့ သွားတူနေတယ်။ ကျူးလွန်ပုံချင်းကလည်း တူနေတယ်။ တစ်ယောက်ကိုရရင်တော့ ကျန်တာကိုဆက်လိုက်လို့ ရနိုင်ပါတယ်"လို့ မြစ်ကြီးနားရဲစခန်းက ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဦးက ဓူဝံကို ပြောပါတယ်။

လက်ရှိမှာတာ့ ကျူးလွန်သူတွေ ယူဆောင်သွားခဲ့တဲ့ ကားကိုပြန်လည်ရရှိခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ အဆိုပါဖြစ်စဉ်က ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၁ ရက်ကဖြစ်ခဲ့တဲ့ ကမ္ဘောဇဘဏ်ဓားပြတိုက်ခံရတဲ့ဖြစ်ရပ်နဲ့ ဆင်တူနေတယ်လို့ ရဲမှူးဦးသန်းဦးက ပြောပါတယ်။ ဒါ့အပြင် တရားခံတွေက CCTV ကင်မရာတွေဖျက်စီးသွားပြီး မှတ်တမ်းစက်ကိုလည်း ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

Photos : Myint Kyina News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD