AD
AD
AD
play
မြန်မာနိုင်ငံအလယ်ပိုင်း၊ အထက်ပိုင်းနှင့်တောင်ပိုင်းဒေသများတွင် တိမ်ထူထပ်နေစဉ်။

 

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ တိမ်အတင့်အသင့်ဖြစ်ထွန်းနေတဲ့ တိမ်တိုက်တွေနဲ့ ကပ္ပလီပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ တိမ်တိုက်တွေကြောင့် မြန်မာနိုင်ငံဒေသအနှံ့အပြားမှာ မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

"ဧပြီလ ၁ ရက်ကနေ ၆ ရက်အထိကတော့ မြန်မာနိုင်ငံအနှံ့မှာ မိုးတွေရွာနေမယ်။ နောက်ရက်တွေလည်း ဆက်ရွာနိုင်ဖို့ရှိတယ်။ ဘင်္ဂလား ပင်လယ်အော်ကတိမ်တိုက်တွေက မြန်မာနိုင်ငံကိုဖြတ်နေတယ်၊ နေ့အပူချိန်တွေကလည်း ဆက်တိုက်မြင့်တက် နေတော့ ဒီရက်ပိုင်းမှာ မိုးတွေရွာနေတာ၊ မြန်မာနိုင်ငံတောင်ပိုင်းစွန်းဘက်တွေမှာလည်း အရှေ့ဘက်ကလာတဲ့ လေပွေလှိုင်းတွေနဲ့အတူပါလာတဲ့ တိမ်တိုက်တွေကြောင့် မိုးရွာနေတယ်"လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

ဒီနေ့ညနေအထိ တနိုင်ငံလုံးမှာ မိုးရွာနိုင်ခြေရာခိုင်နှုန်း ၈၀ ရှိပြီး ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ တိမ်အတင့်အသင့်ရှိနေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်တို့မှာ တိမ်အသင့်အတင့်က တိမ်ထူထပ်နေတယ်လို့ ဆိုပါတယ်။

နောက်နှစ်ရက်အတွက် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေ
သကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD