AD
AD
AD
play
ရေသန့်ဘူးကို မီးရှိုးပြီး ပေါင်နှင့်ပေါင်ခြံနေရာများကို အစက်ချခဲ့သဖြင့် ရရှိခဲ့သည့် ဒဏ်ရာများ။

 

ခိုးမှုမသင်္ကာတာကြောင့် ခေါ်ယူစစ်ဆေးခံရသူတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ ပိုးလောင်းရဲကင်းမှစခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်လေးဦးကို ပုဒ်မသုံးခုနဲ့ အမှုဖွင့်ထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

လပွတ္တာမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာက ရွာသားနှစ်ယောက်ကို ခိုးမှုမသကာင်္မှုနဲ့ ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ ပိုးလောင်းရဲကင်းက စခန်းမှူးနဲ့ ရဲတပ်ဖွဲ့ဝင်လေးဦးကို ရာဇသတ်ကြီးပုဒ်မ ၃၃၀ ၊ခြောက်လှန့်ဖြောင့်ချက်ရယူမှု ပုဒ်မ ၃၄၄ ၊ ၁၀ ရက်အထက်ပိုကာ မတရားချုပ်နှောင်မှု ပုဒ်မ ၁၁၄ အားပေးကူညီမှုတွေနဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။

play

 

"ကျွန်တော်တို့ဘက်က တိုင်ထားပါတယ်။ ကျွန်တော်တို့ကတော့ထိထိရောက်ရောက် အရေးယူပေးဖို့အတွက်ကိုတော့ တောင်းဆိုထားပါတယ်။ အခုက ကျွန်တော်တို့ကို ဖမ်းတဲ့ပါးရိုက်တဲ့ အောင်လင်းထွန်းဆိုတဲ့ နယ်ထိန်းတစ်ယောက်ကို ဖျောက်ထားတယ်။စခန်းမှူးတစ်ယောက်ကို ထည့်ထားတယ်။ နယ်ထိန်းမပါဘူး။ စခန်းမှာလည်း မရှိဘူး။ အဲ့ဒါက သဘာဝမကျဘူး’’ လို့ အသက် ၃၇ နှစ်အရွယ်ကာယကံရှင် ကိုခင်မောင်လတ်က ဓူဝံ မီဒီယာကို ပြောပါတယ်။

လပွတ္တာမြို့နယ်ဒေါင့်ကျောင်းကျေးရွာက ကိုခင်မောင်လတ်နဲ့ ကိုစိုးမြတ်အောင်တို့ကို ခိုးမှုမသာင်္ကာတာကြောင့် ပိုးလောင်းရဲကင်းမှာ ခေါ်ယူ စစ်ဆေးခဲ့တာကနေ ရဲတပ်ဖွဲ့ဝင်တွေက ရေသန့်ဘူးကို မီးရှို့ပြီးအစက်ချတာတွေအပြင် ရိုက်နှက်ပြီး ညှင်းပန်းနှိပ်စက်ခဲ့တာဖြစ်တယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

နှိပ်စက်မှုတွေကြောင့် သူတို့နှစ်ဦးရဲ့ ခန္ဒာကိုယ်မှာ ပြင်းထန်ဒဏ်ရာတွေရရှိပြီး ဧပြီ ၁ ရက်နေ့မှာ ဆေးရုံကနေဆင်းခွင့်ရခဲ့တယ်လို့ ပြောပါတယ်။

Photos : Zaw Yan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD