AD
AD
AD
play
တောင်ကြီးမြို့လယ်တွင် မိုးသီးများကြွေကျနေစဉ်။

 

ဒီနေ့(ဧပြီလ ၂ ရက်)နေ့လည်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မိုးသီးတွေ ကြွေကျခဲ့တယ်လို့ တောင်ကြီးမြို့ခံတွေက ပြောပါတယ်။ ကြွှေကျခဲ့တဲ့ မိုးသီးတွေက လောက်စာလုံးနဲ့ ဖန်ဂေါ်လီအရွယ်အစားခန့်ရှိတယ်လို့ တောင်ကြီးမြို့ခံ ကိုကြိုးကြာက ပြောပါတယ်။

play

 

"မိုးရွာတယ်၊ တော်တော်ကြီးရွာတယ်၊ မိုးသီးလည်းကျတယ်၊ နှစ်နာရီခွဲလောက်ကရွာတာ နာရီဝက်လောက်ရှိတယ်၊ မိုးသီးတွေကတော့ တော်တော်ကြီးတယ်၊ ကျနော်တို့က အဲဒီအချိန်မှာ ခန်းမတစ်ခုထဲ ရောက်နေတောထွက်ကြည့်တော့ မိုးလည်းတော်တော်ကြီးတယ်၊ ဒီနေ့တနေကုန် မိုးဆက်ရွာမယ့်သဘောတော့ရှိတယ်"လို့ တောင်ကြီးမြို့နယ်၊ အမှတ်(၂)မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ရီက ဓူဝံမီဒီယာကို ပြောပါတယ်။

play

 

အဆိုပါမိုးသီးကြွေကျမှုက ရှမ်းပြည်နယ်လွှတ်တော်ရုံးပတ်ဝန်းကျင်၊ ရှမ်းစာပေ၊ ယဉ်ကျေးမှုအသင်းနေရာနဲ့ ရှမ်းပြည်နယ်ယဉ်ကျေးမှု ပြတိုက်နေရာတို့မှာ မိုးသီးတွေ သည်းသည်းထန်ထန်ရွာကျခဲ့ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဧပြီလ ၁ ရက်ကနေ ဧပြီလ ၆ ရက်အထိ မိုးရွာသွန်းမှုတွေ ဖြစ်ပေါ်နိုင်ပြီး နေ့အပူချိန်မြင့်တက်မှုကြောင့် မြန်မာနိုင်ငံအထက်ပိုင်း၊ အလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာ စတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားနိုင်တယ်လို့ မိုးဇလညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောထားပါတယ်။

Photos : Kyo Kyar Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD