AD
AD
AD
play

 

ရန်ကုန်မျက်စိဆေးရုံကြီးမှာ လေဆာနဲ့မျက်စိပါဝါ ဖျောက်ပေးခြင်းကို အခမဲ့ပြုလုပ်ပေးနေပြီး လက်ရှိမှာ စာရင်းပေးသွင်းထားသူ ၃၈၀ နီးပါး ရှိနေတယ်လို့ ရန်ကုန်မျက်စိဆေးရုံကြီးကနေ သိရပါတယ်။

အဆိုပါ မျက်စိပါဝါဖျောက်ပေးတာကို အပတ်စဉ်သောကြာနေ့ တိုင်းပြုလုပ်ပေးနေပြီး တစ်ကြိမ်ကို ၄ ဦးနှုန်းဖြင့် ပြုလုပ်ပေးနေတာဖြစ်ပြီး ပြင်ပဆေးရုံတွေမှာ ပြုလုပ်မယ်ဆိုရင် မြန်မာငွေသိန်း ၂၀ ခန့်ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်ပြည့်ပြီးသူ မျက်စိပါဝါ ဖျောက်လိုသူတွေအနေနဲ့ ရန်ကုန်မျက်စိဆေးရုံကြီးမှာ အပတ်စဉ် အဂါင်္နေ့နဲ့ ကြာသပတေးနေ့တွေမှာ မျက်စိစမ်းသပ်မှု ပြုလုပ်ရမှာ ဖြစ်ပြီး စစ်ဆေးပြီးလေဆာနဲ့ ဖျောက်လို့ရတယ်လို့ သတ်မှတ်ရင် အဲဒီအခမဲ့ကုသမှုကို လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။

play

 

“အရင်ကဆို စာရင်းပေးသွင်းပြီး နှစ်လလောက်အကြာဆိုရင် လုပ်လို့ရပါတယ်။ အခုတော့ လူကများလာတော့ စာရင်းပေးပြီး သုံးလေးလ အကြာလောက်မှာ အလှည့်ရောက်လာရင် လုပ်ပေးပါတယ်။ သုံးထားတဲ့ပစ္စည်းတွေကလည်း နိုင်ငံတော်ရဲ့ ကုန်ကျငွေနဲ့ နောက်ဆုံးပေါ်ပစ္စည်းကို သုံးပေးတယ်"လို့ ရန်ကုန်မျက်စိဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာတင်ဝင်းက ဓူဝံ မီဒီယာကို ပြောပါတယ်။

မျက်စိပါဝါ အခမဲ့ဖျောက်ပေးခြင်းကို လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ရန်ကုန်မျက်စိဆေးရုံကြီးမှာ ပြုလုပ်ပေးနေတာဖြစ်ပြီး လူနာပေါင်း ၁၆၀ နီးပါးကို ပြုလုပ်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်မျက်စိဆေးရုံကြီးမှာ အတွင်းတိမ်ရောဂါကြောင့် လာရောက်ခွဲစိတ်ကုသတဲ့ လူနာကအများဆုံးဖြစ်ပြီး ၂၀၁၇ ခုနှစ်အတွင်းမှာ ပြင်ပလူနာပေါင်း ၆ သောင်းကျော်၊ ခွဲစိတ်ကုသတဲ့လူနာပေါင်း ၁ သောင်း ၂ ထောင်ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD