AD
AD
AD
play

 

အောင်စန်းပွင့်ဇာတ်သဘင်အဖွဲ့က ရခိုင်ပြည်နယ်မှာ ကပြဖျော်ဖြေဖို့ သွားရောက်စဉ် ဧပြီ ၂ ရက်ညနေက ဂွမြို့နားက ချောက်တစ်ခု ထဲသို့ထိုးကျပြီး တိမ်းမှောက်ခဲ့လို့ လူခြောက်ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သဘင်လူမှု ကူညီစောင့်ရှောက်ရေးကော်မတီ(ဗဟို)က သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် လူခြောက်ဦးသေဆုံးခဲ့ပြီး ငသိုင်းချောင်းဆေးရုံကို ၁၂ ဦး၊ ရေကြည်ဆေးရုံကို လေးဦး၊ ဂွဆေးရုံကို ၂ ဦး ပို့ဆောင်ထားပြီး ရေကြည်ဆေးရုံက စိုးရိမ်ရတဲ့လူနာလေးဦးကို ရန်ကုန်ဆေးရုံကြီးကို တင်ပို့ထားတယ်လို့ သိရပါတယ်။

play

 

ယာဉ်တိမ်းမှောက်ရာနေရာကို ဒေသခံ စစ်ဘက်၊ နယ်ဘက်၊ ရဲအဖွဲ့တွေ ၊ ပရဟိတအဖွဲ့တွေက ကူညီကယ်တင်ခဲ့ပြီး ရန်ကုန် သဘင်(ဗဟို)၊ သဘင်လူမှုကူညီရေး(ဗဟို) နဲ့ မန္တလေးသဘင် လူမှုကူညီရေးအသင်း၊ မကွေးသဘင်လူမှုကူညီရေးအဖွဲ့တွေက သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့သည့် မတ်လ ၉ ရက်ကလည်း ရှမ်းပြည်နယ် ရပ်စောက်မြို့ဘုရားထီးတင်ပွဲမှာ ကပြဖျော် ဖြေပြီးပြန်လာတဲ့ မင်းမင်းဦး အလှသစ် ဇာတ်အဖွဲ့က ရပ်စောက်-နောင်ချိုကြားရှိ တံတားနားမှာ ကားဘရိတ်ပေါက်ပြီး ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ကာ ယာဉ်ပေါ်လိုက်ပါလာတဲ့ သဘင်အနုပညာရှင် ရှစ်ဦးသေဆုံးကာ ၁၇ ဦးဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD