AD
AD
AD
play
ဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် ဥက္ကဋ္ဌသစ် ဦးမြသန်း။

 

မြန်မာနိုင်မှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေထဲမှာ အကြီးဆုံးဘဏ်တစ်ခုဖြစ်တဲ့ ဥက္ကဋ္ဌနေရာ ရာထူးကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး လက်ရှိ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းနေရာမှာ ဦးမြသန်းကို အစားထိုးခန့်အပ်လိုက်ကာ ဦးအောင်ကိုဝင်းကို ဘဏ်ရဲ့ နာယကအဖြစ် ဧပြီ ၂ ရက်နေ့က ပြောင်းလဲတင်မြှောက်လိုက်တယ်လို့ ကမ္ဘောဇဘဏ်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ကမ္ဘောဇဘဏ်ကို နိုင်ငံတကာအဆင့် အုပ်ချုပ်ရေးယန္တရား (Corporate Governance) ကို တိုးတက်မြှင့်တင်ပြောင်းလဲမယ့် ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖေါ်ဆောင်ဖို့ ဦးမြသန်းကို ကမ္ဘောဇဘဏ်ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခဲ့တာလို့ ဦးအောင်ကိုဝင်းရဲ့သမီးဖြစ်သူ ကမ္ဘောဇဘဏ် ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

play

 

ဒါအပြင် ကမ္ဘောဇဘဏ်ရဲ့ ဒါရိုက်တာအဖွဲ့က ဦးအောင်ကိုဝင်းကို ဘဏ်ရဲ့ “နာယက” “Chairman Emeritus” အဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ခဲ့ပြီး မိသားစုပိုင်ဘဏ်ကြီးကို နာယက တစ်ဦးအနေနဲ့ မဟာဗျူဟာကျတဲ့ လမ်းညွှန်မှုတွေနဲ့ ထိန်းသိမ်း လမ်းညွှန်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ ဥက္ကဋ္ဌသစ်အဖြစ်တာဝန်ပေးတာခံခဲ့ရတဲ့ ဦးမြသန်းက နိုင်ငံတော်ပိုင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း ဝယ်ရေးဘဏ် (MICB) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့ မြန်မာအရှေ့တိုင်းဘဏ် (MOB) ရဲ့  ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ကာ လက်ရှိအချိန်မှာ ကမ္ဘောဇဘဏ်ရဲ့ Independent Director တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘောဇဘဏ်က ဘဏ်ခွဲပေါင်း ၅၀၀ အထိ ဖွင့်လှစ်ထားပြီး စင်ကာပူနဲ့  ထိုင်းနိုင်ငံတို့မှာ ၂၀၁၆၊ ၂၀၁၇ ခုနှစ်တွေက မြန်မာနိုင်ငံရဲ့ ပုဂ္ဂလိကဘဏ်တွေထဲမှာ ပထမဆုံးကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ခွင့်ရရှိထားတဲ့ ဘဏ်တစ်ခု ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD