AD
AD
AD
play

 

ဗိုလ်တထောင်ကျိုက်ဒေးအပ်စေတီတော်မှာ ဆံတော်ဓာတ်မြတ်ကို အများပြည်သူလေ့လာနိုင်ဖို့ ရင်ပြင်တော်ရှိ နန်းဦးတန်ဆောင်းမှာ ဧပြီလ ၁ ရက်နေ့ ကနေ ဧပြီလ ၁၈ ရက်နေ့အထိ အပူဇော်ခံ ထားရှိသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဧပြီလ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိတော့ ရွေတိဂုံစေတီတော်မြတ်ကို ပင့်ဆောင် အပူဇော်ခံထားရှိမှာ ဖြစ်ပြီး ဧပြီလ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ တော့ ဗိုလ်တထောင် စေတီတော်မှာ ပြန်လည် အပူဇော်ခံ ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

“ခုမှ ပထမဆုံးအကြိမ် ဆံတော်ဓာတ်မြတ်ကို ဆံတော်ဌာပနအတွင်းကနေ ထုတ်ပြီး အပူဇော်ခံထားတာပါ။ ပြည်သူတွေ မနက် ၈ နာရီကနေ ည ၉ နာရီအထိ လာဖူးမျှော်ခွင့်ရှိပါတယ်” လို့ ဗိုလ်တထောင်ကျိုက်ဒေးအပ်စေတီတော် ဂေါပကအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဓူဝံမီဒီယာကို ပြောပါတယ်။

play

 

ဒါ့အပြင် ဧပြီလ ၂၉ ရက်နေ့မှာလည်း ဗိုလ်တထောင်စေတီတော်မှာ စိန်ဖူးတော်၊ ထီးတော် ၊ ဌက်မြတ်နားတော် တင်လှူပူဇော်ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ ဆံတော်ဓာတ်မြတ်အစစ်က ရန်ကုန်မြို့မှာ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ ဗိုလ်တထောင်ကျိုက်ဒေးအပ် စေတီတော်တို့မှာ ကိန်းဝပ်စံပယ်တာဖြစ်ပြီး ရွှေတိဂုံစေတီတော်မှာတော့ အတွင်းမှာ ဌာပနာထားတာဖြစ်ပါတယ်။

ဗိုလ်တထောင် စေတီတော်ရှိ ဆံတော်အစစ်ကို ပြည်သူတွေ အနီးကပ် ဖူးမျှော်ခွင့်ရအောင် အခုလို ဌာပနအတွင်းကနေ ပင့်ဆောင်ပြီး ရင်ပြင်တော်မှာ အပူဇော်ခံ ထားရှိပေးတာဖြစ်ပါတယ်။

ဆံတော်ဌာပနထားတဲ့ ကျောင်းတော်ကို ပြန်လည်ပြုပြင် သွားမှာဖြစ်ကာ ဆံတော်တွင်းရှိ ပြခန်းတွေကိုလည်း မွမ်းမံပြင်ဆင်တာတွေ၊ နံရံတွေ ရွှေချတာတွေကို ပြုလုပ်သွားမယ်လို့ ဂေါပကအဖွဲ့ကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD