AD
AD
AD
play

 

ဒီနေ့(ဧပြီလ ၃ ရက်) နေ့လည် ၁၁ နာရီလောက်က တောင်​ငူမြို့နယ်​ ကျွန်းကုန်း​ကျေးရွာနားမှာ လေ့ကျင့်ပျံသန်းနေတဲ့ တပ်မတော်လေက F 7 အမျိုးအစား တိုက်လေယာဉ်တစ်စီးပျက်ကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ​တောင်​ငူ​လေတပ်​စခန်းက အဆိုပါအမောင်းသင်တိုက်လေယာဉ်က လေယာဉ်ကွင်းရဲ့ အနောက်ဘက် ၃ မိုင်ခန့် အကွာ၊ အမြင့်မီတာ ၅၀၀ လောက်အရောက်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

play

 

လေယာဉ်မှူး ဗိုလ်မှူး အာကာဝင်းက အရေးပေါ်လေထီးနဲ့ ခုန်ထွက်ခဲ့ပေမယ့် ရရှိတဲ့ ဒဏ်ရာတွေကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့ပြီး အသေးစိတ် အခြေအနေတွေကို ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။

“ လေယဉ်ပျက်ကျတာကို ကျနော်တို့က သိသိချင်း ချက်ချင်း လူမှုကူညီရေးကား ထုတ်ပြီ သွားတာပါဗျ ။ ဟိုရောက်တော့ လေယဉ်မောင်း တဲ့သူက အသက်မသေသေးဘူး ။ ကားပေါ်တင်ပြီး ဆေးရုံကို ချက်ချင်းပို့ခဲ့ပေမဲ့ ဆေးရုံမှာ သေသွားတယ်ဗျ" လို့ လူနာကို ကိုယ်တိုင်ကယ်တင်ခဲ့သူ မေတ္တာရှင် အသင်းသားတစ်ဦးက ပြောပါတယ်။

play

 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့မနက်ပိုင်းကလည်း တပ်မတော်(လေ)မှ လေ့ကျင့်ပျံသန်းရေး G-4 ဂျက်လေယာဉ်တစ်စီးက ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း လေ့ကျင့်ပျံသန်းနေတုန်းပျောက်ဆုံးသွားခဲ့ဘူးပါတယ်။

play

 

အဆိုပါတိုက်လေယာဉ်ကို ဂွမြို့၏တောင်ဘက် ၁၂ မိုင်ခန့် အကွာရှိတောင် ၂ လုံးကြားမှ လျိုထဲမှာ အောက်တိုဘာလ ၁၈ ရက်နေ့နဲ့  ၂၀ ရက်နေ့မှာ လေယာဉ်ပျက်ကို ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်မှူးနှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD