AD
AD
AD
play

 

ရွေးမြစ်ပေါ်က မြောင်းမြကြိုးတံတားပြုတ်ကျခဲ့ပြီးနောက်ပိုင်း အဆိုပါနေရာမှာ အသစ်ဆောက်လုပ်နေတဲ့တံတားကို မူလခန့်မှန်းထားတဲ့ နှစ်နှစ်ကျော်အစား တစ်နှစ်အတွင်းမှာပဲအပြီးဆောက်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

"ဇာတ်ရေယဉ်က လက်ရှိမှာ သုံးစီးးမှာထားတယ်။ ရေယာဉ်ကူးဖို့ မြေယာရှင်းလင်းနေတယ်။ နှစ်ရက်သုံးရက်အတွင်း အပြီးလုပ်ခိုင်းထားတယ်။ နေရာရွေးထားတယ်။ ကူးးတို့ယာဉ်တွေအခမဲ့ ဆွဲနေတာတွေလည်းရှိတယ်။ ဈေးတက်ပြီးပြေးဆွဲရင် အရေးယူမှာပါ"လို့ မြောင်းမြမြို့နယ် တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် အမှတ်(၁) ကိုယ်စားလှယ် ဦးသန့်ဇော်ဝင်းက ဓူဝံကို ပြောပါတယ်။

လက်ရှိမှာ မြစ်ကိုကူးနိုင်ဖို့ ဇက်ရေယာဉ် သုံးစီးမှာထားပြီး မြေယာရှင်းလင်းရေးတွေလုပ်နေကာ တံတားကျိုးကျမှုမှာ သေဆုံးသူနှစ်ဦးအတွက် လျော်ကြေး တစ်ယောက်ကို ၂၆ သိန်းစီပေးအပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

play

 

ကျိုးကျသွားတဲ့ တံတားနားမှာ ဓါတ်ပုံလာရိုက်တာတွေရှိနေပြီး အဲ့ဒီအနားမှာ တံတားပေါ်က အစိတ်အပိုင်းတွေ ပြုတ်ကျနိုင်တာကြောင့် အန္တရာယ်ရှိတဲ့နေရာအဖြစ်သတ်မှတ်ပြီး ပိတ်ဆို့ ထားတာတွေလုပ်ဆောင်နေတယ်လို့ ဦးသန့်ဇော်ဝင်းက ပြောပါတယ်။

မြစ်ကူးတံတားပြိုကျခဲ့တာကြောင့် လူနဲ့ ဆိုင်ကယ်တွေ အဆင်ပြေပြေသွားလာနိုင်ဖို့ ဒေသခံလုပ်ငန်းရှင်တွေနဲ့ လူမှုရေးအဖွဲ့တွေ ပူးပေါင်းပြီး မနက် ၆ နာရီကနေ ညနေ ၆ နာရီအတွင်း အခမဲ့ကူးတို့လှေတွေ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရန်ကုန်-အိမ်မဲ-မြောင်းမြ-လပွတ္တာကားလမ်းပေါ်က ဘုရားချောင်းကျေးရွာနဲ့ ကွယ်လွယ်ကျေးရွာသို့ ဆက်သွယ်ထားတဲ့ အလျား ၁၄၅ဝ ပေ၊ အကျယ် ၂၈ ပေရှိ မြောင်းမြကြိုးတံတားက ဧပြီလ ၁ ရက် မနက် ၂ နာရီလောက်မှာ သံမဏိကြိုးဆိုင်း တွေ ပြတ်ကျပြီး ရွေးမြစ်ထဲကို ပြုတ်ကျမှု ဖြစ်ပွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD