AD
AD
AD
play
အမြန်လမ်းတိုးဂိတ်တွင်း ယာဉ်းစည်းကမ်း၊ လမ်းစည်းကမ်းပညာပေးမှုများ ပြုလုပ်နေစဉ်။

 

၂၀၁၈ ခုနစ်၊ ပထမသုံးလတာကာလအတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တစ်ဆမှု အကြိမ် ၁ဝဝ ဖြစ် ပွားခဲ့ပြီး သေဆုံးသူ၂၄ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၂၁ ဦး ရှိခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

play

 

အမြန်လမ်းမကြီးမှာ ယခုနှစ် ဇန်န၀ါရီလအတွင်းဖြစ်ခဲ့တဲ့ ယာဉ်မတော်တဆမှု ၄၁ မှုမှာ သေဆုံးသူ ၉ ဦး ၊ ဒဏ်ရာရရှိသူ ၈၃ ဦး ရှိခဲ့ ပြီး ဖေဖော်ဝါရီလအတွင်း ယာဉ်မတော်တဆမှု ၃၆ မှုမှ သေဆုံးသူ ၁၁ ဦး ၊ ဒဏ်ရာရရှိသူ ၇၆ ဦး ရှိခဲ့ကာ၊ မတ်လအတွင်း ယာဉ်မတော်တဆမှု ၃၃ မှုမှ သေဆုံးသူ လေးဦး ၊ ဒဏ်ရာရရှိသူ ၆၂ ဦး ရှိခဲ့တယ်လို့ သိရပါတယ်။

play

 

ဒါ့ကြောင့် အမြန်လမ်းပေါ်ကို တက်ရောက်မောင်းနှင်မယ့် အိမ်စီးယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေ၊ ဌာနဆိုင်ရာယာဉ်တွေ၊ မိမိတို့ ယာဉ်တွေ ကြံ့ခိုင်ရေးစစ်ဆေးပြီးမှ အမြန်လမ်းပေါ်တက်ရောက် မောင်းနှင်ကြဖို့နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို လိုက်နာမောင်းနှင်ကြဖို့ အမြန်လမ်း ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

Photos : Highway Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD