AD
AD
AD
play

 

ကားမီးလောင်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာအလုပ်သမားတွေအတွက် နစ်နာကြေးနဲ့ အသက်အာမခံကြေးရရှိဖို့ ထိုင်းနိုင်ငံဘက်မှ တာဝန်ယူမယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ဧပြီလ ၃ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ရပိုင်ခွင့်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့တာဖြစ်ပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ မြန်မာအလုပ်သမားတွေကို ထိုင်းနိုင်ငံ မြန်မာသံရုံးမှလည်း သက်ဆိုင်ရာနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနေကာ ထိုင်းနိုင်ငံဘက်မှ အလုပ်သမားတွေကိုလက်ခံမယ့် ကုမ္ပဏီဘက်ကလည်း အကူအညီတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

play

 

အဆိုပါ မြန်မာလုပ်သားတွေက မြန်မာနဲ့ ထိုင်းနိုင်ငံ သဘောတူညီချက်စာချုပ်အရ မြန်မာအေဂျင်စီ စတားပိုင်အိုးနီးယားကုမ္ပဏီက တစ်ဆင့် ထိုင်းနိုင်ငံကို အလုပ်လုပ်ဖို့ သွားရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာလုပ်သား ၄၇ ဦးလိုက်ပါလာတဲ့ မှန်လုံယာဉ်က မတ်လ ၃၀ ရက် မနက် ၂ နာရီကျော်လောက်မှာ ထိုင်းနိုင်ငံ တာ့ခရိုင်တောင်ပေါ် အဆင်းလမ်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁၈ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သေဆုံးသူ မြန်မာလုပ်သား ၂၀ အတွက် တစ်ဦးကို ကျပ်သုံးသိန်းနဲ့ ထိခိုက်ဒဏ်ရာရသူ မြန်မာလုပ်သားသုံးဦးအတွက် တစ်ဦးကို ကျပ်တစ်သိန်းစီ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD