AD
AD
AD
play

 

မုတ်သုံမ၀င်ခင်ကာလအထိ နေ့အပူအချိန်တွေမြင့်တက်လာတာနဲ့ ဘင်္ဂလားပင်လယ်အော်ဘက်က လေနွေးတွေဝင်ရောက်လာမှုကြောင့် ပေါ်ထွန်းလာတဲ့ မိုးတိမ်တောင်တွေကြောင့် ဖြစ်ပွားတဲ့ လေပြင်းတိုက်ခတ်မှု၊ မိုးသီကြွေတာတွေ၊ လျှပ်စီးလက် မိုးကြိုးပစ်တာတွေကို သတိထားဖို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

play

 

"နေ့အပူချိန်တွေမြင့်လာမယ်ဆိုရင်တော့ မနေ့ကလိုဖြစ်စဉ်တွေ ဖြစ်နေဦးမှာပဲ၊ ဘယ်အထိဖြစ်မလဲဆိုတော့ မုတ်သုံမ၀င်ခင်အချိန်ထိကို ဒီလိုမျိုးဖြစ်စဉ်တွေ ဖြစ်နေဦးမယ်။ ဒီလိုဖြစ်စဉ်တွေဖြစ်တာက တအားမြန်တော့ ဘယ်တော့ဖြစ်ဆိုတာ ခန့်မှန်းဖို့နည်းနည်းလေးခက်တယ်။ အချိန်ပိုင်းလေးအတွင်းဖြစ်တယ်၊၊ အချိန်ပိုင်းလေးအတွင်း ပြန်ပြီးပျက်သွားတယ်"လို့ မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

ဧပြီလ ၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တဲ့လေပြင်းတိုက်ခတ်မှုနဲ့ နေရာကွက်ပြီးမိုးကြီးမှုတွေကြောင့် ရေကြီးနစ်မြုပ်မှုတွေ၊ သစ်ပင်သစ်ကိုင်းတွေ ကြုးကျတာနဲ့ မော်တော်ယာဉ်တချို့ပျက်စီးခဲ့တာတွေ ဖြစ်ပွားခဲ့ပါတယ်။

play
ဧပြီလ ၂ ရက်နေ့က တောင်ကြီးမြို့တွင် မိုးသီးများကြွေကျခဲ့စဉ်။

 

နေပြည်တော်နဲ့ မြန်မာနိုင်ငံဒေသတချို့မှာ မတ်လ ၃၁ ရက်ကနေ ဧပြီ ၂ ရက် အထိ သုံးရက်ဆက်တိုက် လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေကျ တာတွေ ဖြစ်ပွားခဲ့ပါတယ်။ မတ်လ ၃၁ က နေပြည်တော်ပတ်ဝန်းကျင်မှာ လေပြင်းကျရောက်ခဲ့ကာ နေရာကွက်ကျားမိုး သည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး ဧပြီလ ၂ ရက် ရှမ်းပြည်နယ်တောင်ကြီးမြို့မှာ မိုးသီးတွေကြွေကျခဲ့ကာ ရန်ကုန်မြို့မှာလည်း ဧပြီလ ၃ ရက်နေ့က ရုတ်တရက်လေပြင်းကျပြီး မိုးကြီးခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD