AD
AD
AD
play

 

မန္တလေးမြို့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို သံဃာအပါးတစ်ထောင်ကျော်နဲ့ နိုင်ငံတော်အဆင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ဖို့ စီစဉ်နေတယ်လို့ မဟာမုနိဘုရား ဂေါပကအဖွဲ့ထံကနေ သိရပါတယ်။

“သီပေါမင်းလက်ထက်တုန်းက သံဃာစုံနဲ့တင်ခဲ့တယ်။ နိုင်ငံတော်အဆင့်မတင်တာက နှစ်ပေါင်းရာချီရှိသွားပြီ။ လက်ရှိမှာလည်း နဖူးတော်ကို ပြန်ပြင်ထားတာရှိတယ်။ ကိုယ်လုံးတော်ကိုလည်း ပြုပြင်ထားတာတွေရှိတဲ့အတွက် လုပ်ဖြစ်မှာပါ”လို့ မဟာမုနိဘုရားဂေါပကအဖွဲ့ဝင် ဦးသန်းလွင်က ပြောပါတယ်။

play
မန္တလေးမြို့က မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ရောင်တော်ဖွင့်နေစဉ်။

 

အဆိုပါ ဗုဒ္ဓါဘိသေကအနေကဇာတင်တာကို အဘိဓဇ၊ အဂ္ဂမဟာပဏ္ဍိတ၊ တိပိဋကဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးတွေအပါအဝင် သံဃာအပါး ၁၀၈၀ နဲ့ ဧပြီလ ၂၂ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖိတ်ကြားသွားမယ်လို့ ဆိုပါတယ်။

မဟာမုနိရုပ်ပွားတော်မြတ်ကြီးကို ရခိုင်ပြည်၌ မင်းအဆက်ဆက်က ကိုးကွယ်ခဲ့ပြီး အမရပူရပထမမြို့တော်ကိုတည်ထောင်ခဲ့တဲ့ ဘိုးတော်မင်းတရား (ဗဒုံမင်း) လက်ထက်မှယ သားတော် အိမ်ရှေ့ဥပရာဇာက ၁၁၄၆ ခုနှစ် (၁၇၈၄ ခုနှစ်) မှာ အမရပူရမြို့တော်သို့ ပင့်ဆောင်လာခဲ့တာလို့ သမိုင်းမှတ်တမ်းတွေအရ သိရပါတယ်။

Source : The Voice

Photos : Shutterstock

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD