AD
AD
AD
play

 

ရိုက်တာသတင်းထောက်နှစ်ဦးကို အမှုစွဲချက်မတင်ခင် လွှတ်ပေးဖို့သင့်မသင့်ကို ဧပြီလ ၁၁ ရက်နေ့မှာ အမိန့်ချသွားမယ်လို့ မတ်လ ၄ ရက်နေ့က မြောက်ပိုင်းခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ ရုံးထုတ်မှာ တရားခံရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းက သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေက တင်ပြထားတဲ့ ပြစ်မှုဆိုင်ရာရာဇ၀တ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ အရ စွဲချက်မတင်ခင်လွှတ်ပေးဖို့ လျှောက်ထားမှုရုံးချိန်းမှာ နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက်ပေးခဲ့ကြတာပါ။

အခုရုံးချိန်းနဲ့ပါတ်သတ်ပြီးတော့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က "ဒီနေ့က အရင်တစ်ပါတ်က ကျွန်တော်တင်တဲ့လျှောက်လွှာကို ကျွန်တော်တို့လက်ခံသင့်မသင့် လျှောက်လွဲချက်ပေးတာပါ။ နှစ်ဖက်လျှောက်လွဲချက်ပေးတာပါ။ သက်သေ ၁၇ ယောက်စစ်ပြီးတဲ့အခါမှာ ကနဦးသက်သေက မပေါ်တဲ့အတွက်ကြောင့် သူတို့ကို ချက်ချင်းလွှတ်ပေးဖို့ လျှောက်လဲချက်ပေးတာပါ။ နောက်ရုံးချိန်းမှာတော့ သူတို့ လွတ်မလွတ်ကို အမိန့်ချမှာပါ"လို့ ပြောပါတယ်။

play

 

ဒီအမှုနဲ့ပါတ်သတ်ပြီး တရားလိုအပါအ၀င် တရားလိုပြသက်သေစုစုပေါင်း ၂၅ ယောက်တင်ထားပြီးတော့ လက်ရှိမှာ တရားလိုပြသက်သေ ၁၇ ဦးကို စစ်ဆေးပြီးဖြစ်ပါတယ်။

"လက်ရှိတရားစီရင်ရေးစနစ်က ကျွန်တော်တို့ကို မျှတအောင်ဆုံးဖြတ်ဆောင်ရွက်ပေးလိမ့်မယ်လို့ ယုံကြည်ပါတယ်"တရားစွဲခံထားရတဲ့ သတင်းထောက်တစ်ဦးဖြစ်တဲ့ ကိုဝလုံးက ဒီနေ့ရုံးချိန်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး (ခ) သက်ဦးမောင်မောင်နဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ ၂ ဦးကို ရခိုင်ဒေသနဲ့ ပတ်သက်တဲ့ အရေးကြီးလုံခြုံရေးစာရွက်စာတမ်းတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ ရည်ရွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ-၃ နဲ့ အမှုဖွင့်စစ်ဆေးနေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD