AD
AD
AD
play

 

ပြည်တွင်းမှာ တည်ဆောက်ထားတဲ့ကြိုးတံတား ၂၉ စင်က စိတ်ချရတဲ့အနေအထားရှိပြီး အသေးစိတ်စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဧပြီလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီလ ၁ ရက်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မြောင်းမြကြိုးတံတားပြတ်ကျမှုနဲ့ ပတ်သတ်တဲ့ထုတ်ပြန်ချက်မှာ အခုလိုဖော်ပြခဲ့တာဖြစ်ပြီး နိုင်ငံတွင်းရှိ ကြိုးတံတားတွေ ရေရှည်တည်တံ့ခိုင်မြဲရေး အလေးပေးဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

ကြိုးပြတ်ကျခဲ့တဲ့ မြောင်းမြကြိုးတံတားအပါအ၀င် ကျန်ကြိုးတံတား ၂၉ စင်းကို ဂျပန်နဲ့တရုတ်နိုင်ငံတွေက အင်ဂျင်နီယာတွေက စစ်ဆေးသွားမှာ ဖြစ်ပြီး တံတားအသုံးပြုသူတွေအနေနဲ့ သတ်မှတ်ခံနိုင်ဝန်ထက်ပိုမိုကျော်လွန် မောင်းနှင်တာတွေ မပြုလုပ်ဖို့လည်း ဆောက်လုပ်ရေးဝန်ကြီးဌာက ပန်ကြားထားပါတယ်။

play

 

မြန်မာနိုင်ငံမှာ တည်ဆောက်ပြီးစီးတဲ့ တံတားတွေကို နှစ်စဉ် (၁)နှစ်လျင် (၂)ကြိမ် ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေပြီး ပြည်တွင်းမှာ မြောင်းမြတံတား အပါအ၀င် ကြိုးတံတားစုစုပေါင်း အစင်း(၃၀)ရှိပြီး အဆိုပါကြိုးတံတားတွေကို အခုလို ဖြစ်စဉ်မျိုး မဖြစ်စေရန်အတွက် အသေးစိတ် စစ်ဆေးမှုတွေကို ချက်ချင်းဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ရန်ကုန်-အိမ်မဲ-မြောင်းမြ-လပွတ္တာကားလမ်းပေါ်က ဘုရားချောင်းကျေးရွာနဲ့ ကွယ်လွယ်ကျေးရွာသို့ ဆက်သွယ်ထားတဲ့ အလျား ၁၄၅ဝ ပေ၊ အကျယ် ၂၈ ပေရှိ မြောင်းမြကြိုးတံတားက ဧပြီလ ၁ ရက် မနက် ၂ နာရီလောက်မှာ သံမဏိကြိုးဆိုင်း တွေ ပြတ်ကျပြီး ရွေးမြစ်ထဲကို ပြုတ်ကျမှု ဖြစ်ပွားခဲ့တာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD