AD
AD
AD
play

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ဟင်းစားရှာထွက်တဲ့ မြိုတိုင်းရင်းသူ အမျိုးသမီးတစ်ဦး အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ပြီး ပျောက်ဆုံနေတဲ့ ကျန်တစ်ဦးကို အသက်ရှင်လျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဧပြီ ၄ ရက် မနက် ၁၁ နာရီလောက်က ဘော်တလာကျေးရွာဘက်ကို ဟင်းစားရှာဖို့ ထွက်လာခဲ့တဲ့ ခမောင်းဆိပ်ကျေးရွာနေ မြိုတိုင်းရင်းသားအမျိုးသား ၃ ဦး၊ အမျိုးသမီး ၅ ဦး ပေါင်း ၈ ဦးတို့ဟာ ရွှေဇံချောင်းအနီးမှာ  ဓားရှည်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ အကြမ်းဖက်သမားတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အကြမ်းဖက်သမားတွေက ဓားတွေနဲ့ လိုက်ခုတ်လို့ မြိုတိုင်းရင်းသား ၈ ဦး ထွက်ပြေးခဲ့ကြရပြီး ၆ ဦးပဲ ခမောင်းဆိပ်ကျေးရွာကို ပြန်လည်ရောက်ရှိလာကာ ဒေါ်ဆောင်ရွေးနဲ့ ဒေါ်မွေးရွေးတို့ နှစ်ဦးကတော့ ပြန်ရောက်မလာလို့ နယ်မြေစခန်းရဲမှူးနဲ့ တပ်ဖွဲ့ဝင်တွေက ကျေးရွာသားအချို့နဲ့အတူ လိုက်လံရှာဖွေရာ ဘော်ဒလာကျေးရွာအနီးမှာ ဒေါ်ဆောင်ရွေးကို ဦးခေါင်းခွံ ပြတ်ရှပေါက်ပြဲ ဒဏ်ရာတွေနဲ့ လဲကျ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပျောက်ဆုံးနေတဲ့ ဒေါ်မွေရွေးကိုတော့ မင်္ဂလာညွန့်ကျေးရွာမှာ မနေ့ညနေ ၅ နာရီလောက်က ပြန်လည်တွေ့ရှိခဲ့ပြီး အဆိုပါကိစ္စကို လူသတ်မှုနဲ့ အမှုဖွင့်အရေးယူဆောင်ရွက်နေကာ အကြမ်းဖက်သမားတွေကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေမှုတွေ ဆက်လက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Source : Information Committee

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD