AD
AD
AD
play

 

ဒီနေ့ (ဧပြီလ ၅ ရက်) မနက် ၁၀ နာရီခွဲလောက်က ရန်ကုန်မြို့၊ လှိုင်မြစ်ထဲက MIP ဆိပ်ကမ်းအနီး၌ ရေယာဉ်နှစ်စီး တိုက်မိခဲ့ပြီး တစ်စီးနစ်မြုပ်သွားတယ်လို့ သိရပါတယ်။

play

 

အလုံအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဘက်မှ ရေယာဉ်မှူး ဦးကျော်တင့် မောင်းနှင်လာတဲ့ ၀င်းပိုင်(၅) ဆီတင်တွဲရေယာဉ်နဲ့ ဘုရင့်နောင် အောင်ဇေယျတံတားဘက်မှ ရေယာဉ်မှူး ဦးအောင်ဌေးလင်း မောင်းနှင်လာတဲ့ ကျောက်စရစ်တွဲ(၂)တွဲဆွဲလာတဲ့ ဓနလှိုင်(၃)၊ တွန်းရေယာဉ်တို့ အလုံ ဦးမြဇင်သမ္မာန်ဆိပ်ရှေ့မှာ တိုက်မိခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်မိမှုကြောင့် အလျား ၁၁၅ ပေ၊ အနံ ၃၈ ပေရှိ CB 395 ကျောက်စရစ်တွဲက နစ်မြုပ်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Source : Yangon Police

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD