AD
AD
AD
play

 

သင်္ကြန်တွင်းမှာ နယ်ပြန်ကြမယ့်လူတွေအတွက် အဝေးပြေးကားလက်မှတ်တွေအားလုံး ရောင်းကုန်သွားပြီဖြစ်တယ်လို့ အောင်မင်္ဂလာ အဝေးပြေးဝင်းထဲက ကားဂိတ်တွေကနေ စုံစမ်းသိရှိရပါတယ်။ သင်္ကြန်တွင်းမှာ နယ်ပြန်မယ့်သူတွေအပြင် ခရီးသွားမယ့်လူတွေများတာကြောင့် ကားဂိတ်အသီးသီးက လက်မှတ်တွေရောင်းကုန်နေတာ ဖြစ်ပါတယ်။

"သင်္ကြန်မှာ ခရီးသည်က များတယ်။ လက်မှတ်တွေကတော့ ကုန်သွားပြီ။ သွားတဲ့လူတွေနဲ့ လက်ရှိထုတ်တဲ့ကားတွေနဲ့ မနိုင်ဘူး။ ဦးတို့ ကားဂိတ်က သင်္ကြန်တွင်းကားတွေကို အစီး ၃၀ အထိထုတ်ထားတယ်။ အဲ့ဒါတောင်ကားတွေက မလောက်ဘူး ။ ပွဲစားတွေကိုတော့ မရောင်းဘူး.။အောင်မင်္ဂလာက ပွဲစားတွေကို ဦးတို့က သိနေတော့ ကိုယ်တိုင်လာဝယ်မှ ရောင်းတယ်"လို့ ရွှေစင်စင်္ကြာကားဂိတ်က ဂိတ်မှူး ဦးနေမျိုးက ပြောပါတယ်။

play

 

ဒီနှစ်သင်္ကြန်မှာတော့ ပိတ်ရက်က ငါးရက်သာရှိတဲ့အတွက် အရင်နှစ်တွေကထက် နယ်ကို ပြန်တဲ့သူတွေနည်းသွားတယ်လို့ JJ Express က မကျော့ကျော့သက်(Business Development Manager) က ပြောပါတယ်။

သင်္ကြန်ရက်တွေအတွင်းမှာ လက်မှတ်မှောင်ခိုရောင်းတာတွေရှိနေပြီးတော့ ခရီးသွားတွေ နစ်နာမှုရှိနိုင်တာကြောင့် ကားလက်မှတ်တွေကို မှတ်ပုံတင်နဲ့ ၀ယ်ယူသူကိုယ်တိုင် လာဝယ်မှ ရောင်းပေးတဲ့စနစ် ပြုလုပ်ထားတယ်လို့ အဝေးပြေးကားလိုင်းတွေကနေ သိရပါတယ်။

အဝေးပြေးခရီးစဉ်တွေကို အောင်မင်္ဂလာနဲ့ ဒဂုံဧရာအဝေးပြေးဝင်းတွေမှာရှိတဲ့ ယာဉ်လိုင်း ၃၈၀ ခန့်လောက်က ယာဉ်စီးရေ ၄,၁၀၀ ကျော်နဲ့ ပုံမှန်ပြေးဆွဲနေပြီး သင်္ကြန်ပိတ်ရက်မှာ ယာဉ်စီးရေ ၁,၀၀၀ ခန့် တိုးမြှင့်ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD